Saturday, September 24, 2016

ယခုနှစ်အတွင်း ရန်ကုန်လိုင်စင် ပြန်ပေးဖွယ် မရှိတော့ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ် တင်သွင်းခွင့် လိုင်စင်ဖြစ်သည့် ပါကင်ပါမစ်ကို ယခုနှစ်အတွင်း ခွင့်ပြုပေးဖွယ် မရှိတော့ကြောင်း ယင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦး ဖြစ်သူ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း (MAMDA) ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ယနေ့ (စက်တင်ဘာ ၂၄ ရက်) တွင် ကျင်းပသော MAMDA အသင်း တတိယအကြိမ်မြောက် အသင်းသား စုံညီအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြေားကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ်ကတော့ ပါကင်ပါမစ် ပြန်ပေးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ နောက်ပြီးတော့ အခုသတင်းထွက်နေသလိုပဲ ပြန်ခွင့်ပြုပေးမယ် ဆိုရင်လည်း Model Year တွေ ပြောင်းလဲသွားနိုင်ပါတယ်” ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။

ထို့အပြင် မော်တော်ယာဉ်နှင့် သက်ဆိုင်သူတို့ အားလုံးသိချင်နေသည့် လာမည့်နှစ်အတွင်း မော်တော်ယာဉ် မူဝါဒများ မည်သို့ ပြောင်းလဲနိုင်မည် ဆိုခြင်းကို သိရှိစေနိုင်ရန် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းထံမှ သိရသည်။

No comments: