Saturday, September 17, 2016

“စနေ၊တနင်္ဂနွေမှာ ကျွန်မကို နေအိမ် အကျယ်ချုပ် ထားမယ်ဆိုရင် ကောင်းမှာပဲလို့ တွေးမိတယ်။ ဒါဆို ကျွန်မ နည်းနည်း နားလို့ ရတာပေါ့”



“စနေ၊တနင်္ဂနွေမှာ ကျွန်မကို နေအိမ် အကျယ်ချုပ် ထားမယ်ဆိုရင် ကောင်းမှာပဲလို့ တွေးမိတယ်။ ဒါဆို ကျွန်မ နည်းနည်း နားလို့ ရတာပေါ့”
ဒေါ်အောင်ဆန်းစုကြည် 

အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Theodore Roosevelt အထက်တန်းကျောင်းသို့ ရောက်ရှိစဉ် သူမ၏ နေအိမ် အကျယ်ချုပ် ဘဝအကြောင်း ပြန်ပြောင်း ပြောဆိုသွားခဲ့သည်။

နေအိမ် အကျယ်ချုပ် ကာလများအတွင်း စာဖတ်ခြင်းနှင့် ပြန်လည် သုံးသပ်ဆင်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ကြောင်း ၎င်း၏ ဖွင့်ဟပြောဆိုမှုကို AP သတင်းဌာနက ဖော်ပြခဲ့သည်။

“စနေ၊ တနင်္ဂနွေမှာ ကျွန်မကို နေအိမ် အကျယ်ချုပ် ထားမယ်ဆိုရင် ကောင်းမှာပဲလို့ တွေးမိတယ်။ ဒါဆို ကျွန်မ နည်းနည်း နားလို့ရတာပေါ့”ဟု အထက်တန်း ကျောင်းသူများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အသက် ၇၁ နှစ် ကျော်နေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက် မျက်စိခွဲစိတ်မှုကို နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ရသေးသည်။ 

ထိုနောက်တွင် တရုတ်နှင့် အမေရိကန် အပါအဝင် ပြည်ပ ခရီးစဉ်များနှင့် နိုင်ငံတကာအဆင့် အစည်းအဝေး ပွဲပေါင်း များစွာကို တက်ရောက်ခဲ့ခြင်း၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပခဲ့ခြင်းနှင့်အတူ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန်အဓိက မောင်းနှင်သူဖြစ်လျှက်ရှိခြင်း တို့ကြောင့် အသက်အရွယ်နှင့်မမျှသော တာဝန်ကို ထမ်းဆောင်နေရသည်ဟု နိုင်ငံတကာမှ စောင့်ကြည့်နေသူများက ဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးနှင့် နိုင်ငံခြားရေး ဝန်ကြီး တာဝန်ယူတို့ ယူထားရသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁ဝ နိုဝင်ဘာ မတိုင်မီ နှစ်ပေါင်း နှစ်ဆယ်အတွင်း အကျယ်ချုပ် ဘဝဖြင့် ၁၅ နှစ်ခန့် နေထိုင်ခဲ့ရသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၁ဝ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံရှိ သားငယ်ကင်မ်၊ မြေးဖြစ်သူ ဂျေမီ၊ ဂျက်စမင်တို့နှင့် တွေ့ဆုံခဲ့သေးသည်။   


မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: