တပ်မတော်နှင့်
ဒီကေဘီအေ ခွဲထွက်တို့အကြား ပြီးခဲ့သည့် သြဂုတ်လမှစတင်၍ ယခု စက်တင်ဘာလ ၁၅
ရက်နေ့အထိ တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားကြောင်း တပ်မတော်ပိုင် မြ၀တီ
သတင်းဌာနမှ သတင်းထုတ်ပြန်သည်။
တပ်မတော်ပိုင်မြ၀တီ
သတင်း၏ ထုတ်ပြန်ချက်တွင် သြဂုတ်လ ၂၁ ရက်တွင် ဘားအံမှ မြ၀တီသို့
ရိက္ခာပို့ဆောင်သည့် တပ်မတော်ယာဉ်တန်းကို ကျုံဒိုးနှင့် ကော့ကရိတ်အကြား
ကြာအင်းဆိပ်ကြီးလမ်းခွဲအနီး မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ဘာအံ
စက်မှုဇုံရှိ အထည်ချုပ်စက်ရုံ အနီးတွင်လည်း မိုင်းထောင်ဖောက်ခွဲခဲ့သည် ဟု
ဖော်ပြထားသည်။
ယင်းအပြင်
ဒီကေဘီအေအဖွဲ့မှ ဗိုလ်နားမကြားမှာ သြဂုတ်လ ၂၉ ရက်နေ့က သေဆုံးခဲ့ပြီး ဒေသခံ
၅ ဦးနှင့် ဆင်နှစ်ကောင်ကို နားမကြား ဦးစီးအဖွဲ့က ဖမ်းဆီးသွားသဖြင့်
တပ်မတော်မှာ လိုက်လံရှင်းလင်းရင်း သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။
ဒီကေဘီအေ အဖွဲ့မှာ မြိုင်ကြီးငူ မဲသဝေါကားလမ်း ရင်းပိုင်တံတား
လုံခြုံရေးရယူထားသည့် တပ်မတော်စစ်ကြောင်းနှင့် ရင်းပိုင်နယ်မြေရှိ
နယ်ခြားစောင့် တပ်စခန်းများကို လက်နက်ကြီးဖြင့်
နှောင့်ယှက်ပစ်ခတ်ခြင်းတို့ကို စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့ပြီး
ဒီကေဘီအေ ခွဲထွက် KKO အဖွဲ့မှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်မှာ တပ်မတော်ကို
စစ်ကြေညာသည့် သဘောသက်ရောက်နေသည်ဟု တပ်မတော်က ထုတ်ပြန်သည်။
စက်တင်ဘာ
၎ ရက်နေ့မှ ၈ ရက်နေ့အထိလည်း တပ်မတော်နှင့် နယ်ခြားစောင့် စခန်းများကို
လက်နက်ကြီး လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်း ကော့ကရိတ်မြို့
မီးသတ်ဦးစီးဌာနအား မိုင်းထောင်ဖောက်ခွဲခြင်းများ ဆက်လက်
ပြုလုပ်ခဲ့သောကြောင့် တပ်မတော်နှင့် နယ်ခြားစောင့် တပ်ဖွဲ့တို့
ပူးပေါင်းပြီး လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေသည့် ၀ါးဘိုးတောင်-
ကျုံထော်နယ်မြေနှင့် မဲသဝေါနယ်မြေသို့ အကန့်အသတ် ရည်မှန်းချက် သတ်မှတ်ကာ
တပ်သွင်း ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့အထိ တိုက်ပွဲ ၁၃
ကြိမ်ဖြစ်ပွားခဲ့သည်ဟု တပ်မတော်မှ ထုတ်ပြန်သည်။
တိုက်ပွဲများကြောင့်
ခေတ္တတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအား မြိုင်ကြီးငူတွင်
နေရာချထားပေးသည်ဟု သတင်းထုတ်ပြန်ထားပြီး တိုက်ပွဲများ ရပ်တန့်ရန်
မြိုင်ကြီးငူဆရာတော် ၊ ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ KUPC နှင့်
ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးတို့ကလည်း တောင်းဆိုထားကာ
ညှိနှိုင်းဆွေးနွေးကြရန်လည်း မေတ္တာရပ်ခံထားသည်။
သို့သော်
တိုက်ပွဲများမှာ စက်တင်ဘာ ၁၆ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရပြီး
နယ်ခြားစောင့်တပ် (ယခင် DKBA မှ ပြောင်းထားသည့်တပ်) နှင့် တပ်မတော်တို့
ပူးပေါင်းတပ်ဖွဲ့ မဲသဝေါရှိ ၀ါးကလို့လူးကုန်း စခန်းကို
သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း သိရသည်။
“စခန်းတချို့
လွတ်လိုက်ရတော့ တိုက်ပွဲက ပိုပြန့်လာတဲ့
သဘောမြင်နေရတယ်။အစိုးရသစ်ရှိနေပေမဲ့လည်း အရပ်သား အစိုးရက Illusion
သဘောဖြစ်နေတယ်။ တကယ် အာဏာရှိသူတွေက ဘယ်သူတွေလည်း ဆိုတာလည်း
မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသက တိုက်ပွဲတွေက ဖော်ပြနေတယ်။
နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စာချုပ်မှာ လုပ်သွားပုံကိုလည်း ကြည့်ဦးလေ”ဟု
မဲဆောက်အခြေစိုက် စစ်ရေးနိုင်ငံရေးအကဲခတ် စာရေးဆရာ ဂါမဏိက စက်တင်ဘာလ ၁၇
ရက်တွင် မှတ်ချက်ပြုပြောဆိုသည်။
တပ်မတော်
အနေဖြင့်မူ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စာချုပ်ကို လေးစားလိုက်နာ
ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားပြီး အဆိုပါ ဒီကေဘီအေ ခွဲထွက်အဖွဲ့မှာ
နိုင်ငံရေး ဆွေးနွေးပွဲသို့ တက်ရောက်ခွင့်မရှိသည့် အဖွဲ့အဖြစ်
သတ်မှတ်ခံထားရကာ ဒီကေဘီအေ ကလို့ထူးဘောမှာ တက်ရောက်ခွင့်ရှိနေသည်။
ဒီကေဘီအေ
ခွဲထွက်အဖွဲ့နှင့် တိုက်ပွဲဖြစ်နေသည့် နယ်ခြားစောင့်တပ်များမှာ ယခင်က
ကေအန်ယူမှ ခွဲထွကလာခဲ့သည့် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် ဒီကေဘီအေမှ
ပင် အသွင်ပြောင်းထားခြင်းဖြစ်ပြီး ဒီကေဘီအေ အဖွဲ့နှင့် နယ်ခြားစောင့်
အသွင်ပြောင်းအဖွဲ့အားလုံးမှာ မြိုင်ကြီးငူဆရာတော်၏ တပည့်များလည်း ဖြစ်ကာ
တိုက်ပွဲများ ရပ်စဲရေးအတွက် ဆရာတော်မှ မေတ္တာရပ်ခံသော်လည်း
နယ်ခြားစောင့်အဖွဲ့ဘက်မှ လိုက်နာခြင်း မရှိကြောင်း ကရင့်အရေး လေ့လာသူများက
ဆိုသည်။
The Ladies News
မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com
No comments:
Post a Comment