Saturday, September 17, 2016

မဟာမြတ်မုနိဘုရား ပြာသာဒ်ဆောင်အရိပ် ကောင်းကင်၌ ပေါ်သည့်သတင်းကြောင့် ဖူးမြော်သူများဖြင့် စည်ကား

ကျောက်တော်၊ စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ် ကျောက်တော်မြို့ မဟာမြတ်မုနိဘုရား၏ ပြာသာဒ်ဆောင်အရိပ် ကောင်းကင်၌ ပေါ်ထွန်းသည့်သတင်း ထွက်ပေါ်လာပြီးနောက် ရခိုင်ပြည်နယ် အနှံ့မှ ဘုရားဖူး အများအပြား လာရောက် ဖူးမြော်လျက် ရှိသည်။

အဆိုပါ သတင်း ထွက်ပေါ်နေသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ပြီး ညနက်ပိုင်းတွင် မြင်တွေ့ရသည်ဟု ဘုရားအနီးတွင် ဈေးရောင်းချနေသူ တစ်ဦးက ပြောသည်။

“နေ့စဉ် ဘုရားဖူး သိန်းနဲ့ချီပြီး လာရောက်ဖူးမြော် နေကြပါတယ်။ ကောင်းကင်ယံမှာ ညနက်ရင် ပြာသာဒ်နန်းဆောင်ပေါ်လို့ ရခိုင်ပြည်နယ် အနှံ့က လာရောက် ဖူးမျှော်ကြတာ”ဟု ကျောက်တော်မြို့ မုနိမြေ သန့်ရှင်းရေး အသင်းမှ ကိုကျော်နိုင်က ပြောသည်။

အဆိုပါ နေရာသို့ နေ့စဉ် မော်တော်ယာဉ် အစီးရေ ၃၀၀ မှ ၅၀၀ ခန့်အထိ လာရောက် ဖူးမြော်ကြပြီး ညဥ့်အချိန်တွင် မဟာမြတ်မုနိဘုရား ကိန်းဝပ်သည့် သီရိဂုတ္တ ကုန်းတော်၏ ကောင်းကင်ယံတွင် ပြာသာဒ် နန်းဆောင်ပုံများကို ဘုရားဖူးများ ဖူးမြော်ကြရကြောင်း မဟာမြတ်မုနိ ဘုရားဂေါပက အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“လျှပ်စစ် မီးရောင်ကြောင့် ပေါ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ မီးရောင်ကြောင့်ဆိုရင် ဒီလောက်ထိ မပေါ်နိုင်ဘူး။ မဟာမုနိရဲ့ တန်းဖိုးတော်ကြောင့်သာ အခုလို နေ့စဉ် ဘုရားဖူးတွေ မကန်မကန် (အများကြီး၊ အများကြီး) လာရောက်ဖူးနေကြတာ”ဟု စစ်တွေမြို့မှ သီလရှင် ဒေါ်ခေမာက မိန့်ကြားသည်။

မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်သည် သက္ကရာဇ် ၁၂၃ ခုနှစ်တွင် ဓညဝတီပြည် စန္ဒာသူရိယမင်းက သွန်းလုပ် ပူဇော်ခဲ့သည့် ရခိုင်ရှေးဟောင်း ရုပ်ပွားတော် တစ်ဆူဖြစ်သည်။




မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: