တောင်ငူ၊ စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး ဆွာမြို့နယ်
ရဲစခန်း၌ ယနေ့ (စက်တင်ဘာ ၁၇ ရက်) နံနက် ၁ နာရီကျော်က တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ
ဥပဒေဖြင့် အမျိုးသား နှစ်ဦး အမှုဖွင့် ခံခဲ့ရကြောင်း ဆွာ နယ်မြေရဲစခန်းထံမှ စုံစမ်း
သိရှိရသည်။
“သူတို့ အမျိုးသားတွေက နောက်အိမ်ထောင်
ပြုနေပါတယ်ဆိုပြီး စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက လာရောက် တိုင်ကြားခဲ့တဲ့အတွက် လိုအပ်တာတွေ
မေးမြန်း စစ်ဆေးပြီးတဲ့နောက်မှာ အမှုဖွင့် ပေးခဲ့တာ ဖြစ်ပါတယ်။ အမှုဖွင့်တာက စက်တင်ဘာ
၁၇ ရက်(ယနေ့) နံနက် ၁ နာရီခန့်မှာပါ။ တိုင်ကြားခံထားရတဲ့ အမျိုးသားတွေကို ဖမ်းဆီး စစ်ဆေးဖို
့ပြင်ဆင်နေပါတယ်”ဟု ဆွာ နယ်မြေရဲစခန်း တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
ဆွာမြို့နယ် ထောက်ကြံကွင်း ကျေးရွာနေ
အမျိုးသမီးနှင့် တစ်ရွာတည်း အတူနေ အသက် ၄၈ နှစ်အရွယ် အမျိုးသားတို့သည် လွန်ခဲ့သော ၂၈
နှစ်ခန့်က တရားဝင် လက်ထပ် ပေါင်းသင်းခဲ့ကြပြီး သားသမီး ငါးဦး ရရှိချိန် ယခုနှစ် ဧပြီ
၁ ရက်က ရေတာရှည်မြို့နယ် မဂူကျေးရွာနေ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးကို နေအိမ်သို့
ခေါ်ဆောင် ပေါင်းသင်းခဲ့သည့်အတွက် ဆွာမြို့ နယ်မြေရဲစခန်းသို့ စက်တင်ဘာ ၁၆ ရက်က တိုင်ကြားခဲ့ခြင်း
ဖြစ်သည်ဟု ဆွာမြို့ နယ်မြေရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
ထပ်မံ၍ ဆွာမြို့ အမှတ်(၁)ရပ်ကွက်နေ
အမျိုးသမီးကလည်း လွန်ခဲ့သည့် နှစ်၂၀ နီးပါးက မိမိနှင့် တရားဝင် လက်ထပ် ထိမ်းမြားထားသည့်
အသက် ၃၇ နှစ်အရွယ် အမျိုးသားသည် ရေတာရှည်မြို့နေ အမျိုးသမီး တစ်ဦးနှင့် အိမ်ထောင်ရေး
ဖောက်ပြန်နေသည်ကို တားမြစ် ပြောဆိုခဲ့သော်လည်း မရသည့်အပြင် လွန်ခဲ့သည့် တစ်လကျော်က
ရေတာရှည် ခင်လေးကွက်သစ်တွင် နေအိမ် တစ်လုံး ဝယ်ယူပြီး တရားမဝင် ထပ်မံ လက်ထပ်ပေါင်းသင်း
နေသည်ကို သိရှိခဲ့ရခြင်းကြောင့် စက်တင်ဘာလ ၁၆ ရက်က ဆွာမြို့ နယ်မြေရဲစခန်းသို့ လာရောက်
တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါရဲစခန်းမှ စုံစမ်း သိရှိရသည်။
အိမ်ထောင်ရှိလျက် နောက်ထပ် အိမ်ထောင်
ပြုခဲ့ကြသည်ဟုဆိုသည့် ဆွာမြို့နေ အမျိုးသား နှစ်ဦးကို (ပ)၂၇၇ -၂၇၆/၂၀၁၆၊ တစ်လင်တစ်မယားစနစ်
ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်လှစ် ထားကြောင်း ဆွာမြို့ နယ်မြေရဲစခန်းထံမှ
သိရသည်။
ယခုနှစ် ဇန်နဝါရီမှ သြဂုတ်လအထိ
ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ၂၈ မြို့တွင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ
ဥပဒေဖြင့် အမှုဖွင့် ခံထားရသူ ၁၃၀ ကျော် ရှိခဲ့ကြောင်း ပဲခူးတိုင်း ရဲတပ်ဖွဲ့မှူးရုံး၏
မှတ်တမ်းများအရ သိရသည်။မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com
No comments:
Post a Comment