ဂျပန်နိုင်ငံရဲ့
မြို့တော်တိုကျိုရဲ့ အုပ်ချုပ်ရေးမှူး ယူရီကိုကိုအိခီဟာ
တိုကျိုအစိုးရအဖွဲ့ရဲ့ ဝန်ထမ်းတွေကို ည ၈ နာရီထက် နောက်ကျပြီး အလုပ်
မလုပ်စေဖို့ အစီအမံ တစ်ရပ် ချမှတ်လိုက်ပါတယ်။
ဝန်ထမ်းတွေ
အချိန်ပို အလုပ်ဆင်းတာကို တစ်ဆင့်ချင်း လျှော့ချသွားပြီး နောက်ဆုံးမှာ
အချိန်ပို အလုပ်ချိန် လုံးဝ မရှိတဲ့အထိ ဆောင်ရွက်သွားမယ့် အစီအမံရဲ့
ပထမအဆင့် အနေနဲ့ ည ၈ နာရီထက် နောက်ကျပြီး အလုပ် လုပ်တဲ့ ဝန်ထမ်းတွေကို
စောင့်ကြည့်သွားမယ့်အကြောင်း အုပ်ချုပ်ရေးမှူး ယူရီကိုကိုအိခီက
ကြေညာလိုက်တာ ဖြစ်ပါတယ်။
ဂျပန်မှာ ဝန်ထမ်းတွေဟာ
တစ်ရက်ကို အလုပ်ချိန် များစွာ လုပ်ကိုင်နေကြရတာကြောင့် လူမှုရေးနဲ့
ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်နေတယ်လို့ ယူရီကိုကို အိခီက ပြောပါတယ်။
၂၀၁၆
ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တုန်းကမှ တိုကျို အုပ်ချုပ်ရေးမှူးအဖြစ်
ရွေးချယ်ခံရပြီး ပထမဆုံး အမျိုးသမီး တိုကျိုအုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့တဲ့
ယူရီကိုကိုအိခီဟာ တိုကျိုမှာ ဝန်ထမ်းတွေကို အချိန်ပို လုံးဝ မဆင်းရတဲ့အထိ
လုပ်ဆောင်သွားဖို့ ရည်မှန်း ထားပါတယ်။
လက်ရှိ
အချိန်မှာတော့ ပထမအဆင့် အနေနဲ့ ည ၈ နာရီ နောက်အကျဆုံး ထားပြီး ဝန်ထမ်းတွေ
အလုပ် ဆင်းစေဖို့အတွက် ၈ နာရီကျော်တာနဲ့ မီးတွေပိတ်တာ အပါအဝင် ဝန်ထမ်းတွေ
အိမ် စောစော ပြန်စေမယ့် အစီအမံတွေကို စတင် လုပ်ဆောင်လျက် ရှိပါတယ်။
မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com
No comments:
Post a Comment