Tuesday, September 20, 2016

ကျောက်ကပ်ရောဂါ ကြောင့် ဆေးရုံတက်ရောက်ကုသ နေရသည့် ဟာသသရုပ်ဆောင် မန်းဝင်းအား ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထောက်ပံ့ငွေပေးအပ်

ဓာတ်ပုံ ကျော်စိုးနိုင်ဖေ့စ်ဘွတ်ခ်


ဟာသသရုပ်ဆောင် မန်းဝင်း ရောဂါအခြေအနေ သက်သာလာ

 ကျောက်ကပ်ရောဂါ ကြောင့် ဆေးရုံတက်ရောက်ကုသ နေရသည့် ဟာသသရုပ်ဆောင် မန်းဝင်းအား ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဖေကြီး ဆေးရုံတက် ဆေး ကုသနေရတာကို ဝန်ကြီးချုပ် ကလည်း ထောက်ပံ့ခဲ့ပါတယ်။ သူ့တပည့်ကို လွှတ်လိုက်ပြီးတော့ လာလှူသွားပါတယ်။ လိုအပ်တာ တွေလည်း ပြောပါဆိုပြီး ဖုန်း နံပါတ်တွေလည်း ပေးသွားတယ်။ ဆေးရုံမှာကော အဆင်ပြေလား၊ အကူအညီလိုလား၊ အစစအရာရာ ကူညီပေးပါမယ်ဆိုပြီး ပြောသွား ပါတယ်’’ဟု ဦးမန်းဝင်း၏ သမီး မကြည်ဖြူမန်းဝင်းက ပြောသည်။

ကျောက်ကပ်ရောဂါဖြင့် ခုတင်ငါးရာဆံ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ဟာသ သရုပ်ဆောင် မန်းဝင်းအား ရန် ကုန်တိုင်းဝန်ကြီးချုပ်က စက်တင် ဘာ ၁၈ ရက်တွင် ထောက်ပံ့ငွေ ပေးခြင်းဖြစ်သည်။

‘‘အခု ရောဂါအခြေအနေက သက်သာပါတယ်။ ဒါပေမဲ့ ကျောက်ကပ်က အားနည်းနေ တော့ ကျောက်ကပ်ဆေးဖို့လိုအပ် တယ်။ ဖေကြီးက ပထမတော့ မဆေးဘူးလို့ငြင်းတယ်။ အခု တော့ ဆေးမယ်ပြောပါတယ်။ ဆေးဖို့အတွက်လည်း ပြင်ဆင်နေ ပါတယ်။ မဆေးဘူးဆိုတာက ကျောက်ကပ်ဆိုတာက ဆေးပြီး ရင် ရပ်လို့ရတာ မဟုတ်ဘူး။ ပိုက် ဆံကို နှမြောတယ်ဆိုပေမယ့် ကျောက်ကပ်ဆေးဖို့အတွက်ကို အဖေကြီးက အများကြီးစဉ်းစားခဲ့ တယ်’’ဟု မကြည်ဖြူမန်းဝင်းက ပြောကြားသည်။

ဟာသသရုပ်ဆောင် မန်းဝင်းသည် စက်တင်ဘာ ၁၅ ရက်တွင် ကျောက်ကပ်ရောဂါကြောင့် ရန် ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံ ယူခဲ့ပြီး လက်ရှိတွင် ခုတင်ငါးရာ ဆေးရုံ ဆီးနှင့် ကျောက်ကပ်ဌာန ၌ ဆေးကုသမှု ခံယူလျက်ရှိသည်။

ဆေးရုံတက် ဆေးကုသမှုခံ ယူနေရသည့် မန်းဝင်းအတွက် ဝေဠုကျော်ဖောင်ဒေးရှင်း၊ နှင်းဆီ ရင်ခွင်ဖောင်ဒေးရှင်း၊    ရုပ်ရှင် အစည်းအရုံး၊ သဘင်လူမှုကူညီရေးအသင်း၊ ပြေတီဦးဖောင်ဒေး ရှင်း၊ မမများအဖွဲ့နှင့် အနုပညာအသိုင်းအဝိုင်းကလည်း လာရောက်ကူညီထောက်ပံ့ကြောင်း မကြည်ဖြူမန်းဝင်းက ပြောသည်။

No comments: