မူဆယ်၌ သစ်သီးဝလံများ ရောင်းချရာတွင် ငွေလဲနှုန်းများမှာ
ပွဲရုံပေါက်ဈေးနှင့် ပြင်ပပေါက် ဈေးကွာဟချက်ကြောင့် တောင်သူများ
မနစ်နာစေရန် တရုတ်ယွမ်နှင့် မြန်မာကျပ်နှစ်မျိုးစလုံးဖြင့်
အရောင်းအ၀ယ်ပြုလုပ်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိတွင် သစ်သီးဝလံ များကို မူဆယ်သစ်သီးဝလံကုန် စည်ဒိုင်၌
ရောင်းချရာတွင် တရုတ် ကုန်သည်များနှင့် အရောင်းအ ၀ယ်ပြုလုပ်ရသဖြင့်
သစ်သီးဈေးနှုန်းကို တရုတ်ယွမ်ငွေဖြင့်သာ သတ်မှတ်ကြသည်။ သစ်သီးဝလံပွဲရုံ
များက တရုတ်ငွေကို ငွေလဲနှုန်းဖြင့် တွက်ချက်ပြီး တောင်သူများအား
မြန်မာကျပ်ငွေပေးချေကာ ၀ယ်ယူနေခြင်း ဖြစ်သည်။
သစ်သီးပွဲရုံများ၏ ငွေလဲနှုန်းသည် တစ်ရုံနှင့် တစ်ရုံမတူဘဲ
သတ်မှတ်ဝယ်ယူနေခြင်း၊ ပွဲရုံများ၏ ငွေလဲနှုန်းဈေးမှာ ပြင်ပပေါက် ဈေးနှင့်
ကွာဟခြင်းတို့ကြောင့် နစ်နာနေကြောင်း တောင်သူများက တောင်းဆိုသဖြင့် တရုတ်၊
မြန်မာ ငွေနှစ်မျိုးစလုံးဖြင့် ပေးချေရန် စီစဉ်ခြင်းဖြစ်ကြောင်း မူဆယ်
(၁၀၅) မိုင် သစ်သီးဝလံကုန်စည်ဒိုင် အတွင်းရေးမှူး ဦးစိုင်းခင်မောင်က
ပြောသည်။
‘‘ပွဲရုံတွေက ၅၀၊ ၆၀ လောက်ရှိတော့ ငွေလဲနှုန်းက တစ်ခုနဲ့
တစ်ခုမတူနိုင်ဘူးပေါ့။ ငွေဈေးနှုန်းမတူတော့ တောင်သူတွေ
မြန်မာကျပ်နဲ့မယူချင်ရင် တရုတ်ယွမ်ကိုပဲ ယူ ချင်ယူလို့ရသွားတာပေါ့။ မြန်မာ
ငွေကို ကြိုက်ရင် မြန်မာငွေယူ။ တရုတ်ငွေကြိုက်ရင် တရုတ်ငွေယူပေါ့။ သူတို့က
ကြိုက်တဲ့ငွေ တောင်းဆိုလို့ ရသွားတာပေါ့။ တောင်သူတွေက တောင်းဆိုတဲ့ အတွက်
ကျွန်တော်တို့ကုန်စည် ဒိုင်က မူတစ်ခု ချပေးလိုက်တာ ပေါ့’’ဟု
ဦးစိုင်းခင်မောင်က ပြော သည်။ဖရဲ၊ သခွားတင်ပို့ရောင်းချ ရာတွင်
တောင်သူများကြုံတွေ့နေ ရသည့် အခက်အခဲပြဿနာများ ဖြေရှင်းနိုင်ရန် သြဂုတ် ၂၄
ရက်က မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး
ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းက ဦးဆောင်ပြီး ဖရဲ၊
သခွားစိုက်ပျိုးရောင်းချသူများနှင့် မူ ဆယ်သစ်သီးဝလံပွဲရုံများကြား နှီး
နှောဖလှယ်ပွဲကို မူဆယ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပွဲရုံများ၏ ငွေလဲနှုန်းသတ် မှတ်ချက်မှာ ပြင်ပငွေလဲနှုန်း ပေါက်ဈေးထက်
မြန်မာကျပ်ငွေ တန်ဖိုးနည်းနေလျှင် တောင်သူ များက တရုတ်ယွမ်ငွေကိုယူပြီး
ပြင်ပငွေလဲလှယ်သည့်နေရာများ တွင် ပြန်လဲနိုင်၍ အကျိုးအမြတ်ပိုမိုရရှိလာမည်
ဖြစ်ကြောင်း ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအစုအဖွဲ့
အတွင်းရေးမှူး ဦးကျော်သူက ပြောသည်။7day
No comments:
Post a Comment