ကော့ကရိတ်မြို့နယ်
ကောင်းမှု ကျေးရွာတွင် တပ်မ တော်နှင့် ကရင်ပြည်နယ်နယ်ခြား စောင့်တပ်က
လုံခြုံရေးတာဝန်ယူ ထားသောကြောင့် ယင်းတပ်ဖွဲ့ များ
ပြန်လည်ဆုတ်ခွာပေးရန်နှင့် ဆုတ်ခွာမှုမပြုလုပ်ပါက စစ်မျက်
နှာဖွင့်သွားမည်ဖြစ်ကြောင်း ဒီကေဘီအေခွဲထွက်အဖွဲ့က ထုတ်ပြန် ကြေညာသည်။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)အမည်ဖြင့် ဖွဲ့စည်းထား သော ဒီကေဘီအေခွဲထွက်အဖွဲ့ က သြဂုတ် ၃၁ ရက်တွင် ယင်းသို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ ယင်းကဲ့သို့ ထုတ်ပြန်ထား သော်လည်း စက်တင်ဘာ ၂ ရက် အထိ တိုက်ပွဲများ ဖြစ်ပွားမှုမရှိဘဲ ငြိမ်သက်နေကြောင်း ကရင်ပြည် နယ်နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး ခင်မောင်ဝင်းက ပြောသည်။
ဒီကေဘီအေ ခွဲထွက်အဖွဲ့ အခြေစိုက်ခဲ့သော ကောင်းမှုကျေး ရွာပတ်ဝန်းကျင်ကို ၂၀၁၅ ဇူလိုင် မှစတင်ကာ တပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်က လုံခြုံရေးချ တပ်စွဲထားခဲ့ပြီး ယင်း အချိန်မှ စတင်ကာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် အရပ်သားထိခိုက်ဒဏ် ရာရမှု ၁၀ ဦးထက်မနည်းဖြစ်ပွား ခဲ့ပြီး ပြင်းထန်သော တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေသည်။
အဆိုပါ ဒီကေဘီအေခွဲထွက် အဖွဲ့ကို ၂၀၁၆ ဇန်နဝါရီ ၁၆ ရက် တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ဇူလိုင် ၂ ရက်က စတင်ဖြစ်ပွား သည့် အာရှလမ်းမ တိုက်ပွဲများအပြီးတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)မှ ခွဲထွက်ကာ အင်အားအနည်းငယ် ဖြင့် သီးခြား ရပ်တည်နေသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။
အာရှလမ်းမကြီး (မြဝတီ- ကော့ကရိတ်လမ်းပိုင်း)တွင် ကား များကို ငွေကောက်ခံရာမှ အစပြု ကာ တပ်မတော်နှင့် ကရင်ပြည် နယ် နယ်ခြားစောင့်ပူးပေါင်းအဖွဲ့ နှင့် ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့ ၂၀၁၅ ဇူလိုင်မှစတင်ကာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ ဒီကေဘီအေခွဲထွက်အဖွဲ့ ခေါင်း ဆောင်ပိုင်းမှ ဗိုလ်မှူး နားမကြား (ခ)ကျော်မို့ ဆိုသူမှာလည်း အရပ်သားတစ်ဦး၏တိုက်ခိုက်မှုကြောင့် သြဂုတ် ၃၀ ရက်က သေဆုံးခဲ့သည်။7day

No comments:
Post a Comment