Saturday, September 3, 2016

မြိတ်ကျွန်းစုတွင် အဏ္ဏ၀ါကာကွယ်ရေပြင်ထိန်းသိမ်းရေး ဧရိယာတည်ထောင်ရန် စီစဉ်

မြိတ်ကျွန်းစုမှ ကျွန်းအချို့ကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 မြိတ်ကျွန်းစုအတွင်းရှိ သန္တာကျောက်တန်းများနှင့် အဏ္ဏ ၀ါသယံဇာတများကို ထိန်းသိမ်း ရန် အဏ္ဏ၀ါကာကွယ်ရေပြင်ထိန်း သိမ်းရေးဧရိယာ(Marine Protect Area) တည်ထောင်မည်ဟု သတင်းရရှိသည်။
ငါးနှင့် ရေသယံဇာတများအ တွက် အရေးပါသော ဂေဟ၀န်း ကျင်ရှိသည့် မြိတ်ကျွန်းစုအတွင်း အဏ္ဏ၀ါသယံဇာတများကို ကျယ် ကျယ်ပြန့်ပြန့် ထိန်းသိမ်းနိုင်ရေး ဧရိယာတည်ထောင်နိုင်ရန် စီမံ ကိန်းရေးဆွဲလျက်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရ စ္ဆာန်နှင့် အပင်များအဖွဲ့(FFI) မှ အဏ္ဏ၀ါရေပြင် ထိန်းသိမ်းရေးအစီအစဉ်ညှိနှိုင်းရေးမှူး ဦးဇော်လွန်း က ပြောသည်။
အဆိုပါ စီမံကိန်းတွင် အဏ္ဏ ၀ါရေပြင်အတွင်း ထိရောက်သော ဥပဒေ၊ မူဝါဒနှင့် ဌာနဆိုင်ရာများ ပူးပေါင်းလုပ်ဆောင်ရန်၊ ရေပြင် နယ်နိမိတ်အတွင်း ဦးစားပေးဇုန် များ ရွေးချယ်သတ်မှတ်ခြင်း၊ ဂေဟအခြေခံခရီးသွားလုပ်ငန်း အစီအ စဉ်များ သတ်မှတ်ခြင်း၊ ပတ်ဝန်း ကျင်ကို အလွန်အကျွံမထိခိုက်စေ မည့် ရေပေါ်နှင့် ကုန်းပေါ်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ဆောင်ရန်တို့ကို ထည့်သွင်းရေးဆွဲမည်ဟု  ၎င်းကပြောသည်။
လက်ရှိတွင် အဏ္ဏ၀ါကာ ကွယ်ရေပြင်ထိန်းသိမ်းရေး အ တွက် ဒေသခံများကိုယ်တိုင်စီမံ ခန့်ခွဲသော ငါးလုပ်ငန်း ရေပြင် (Locally Managed Marine Area) ကို မြိတ်ကျွန်းစုအတွင်းရှိ ကျေးရွာသုံးရွာ၌ လုပ်ဆောင်လျက် ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။
‘‘ဗုံးခွဲငါးဖမ်းတာတွေ၊ တ ရွတ်ဆွဲပိုက်နဲ့ မီးထွန်းလှေတွေ၊ ကမ်းနားအထိ လာဖမ်းတာတွေ အစရှိတဲ့ ပြဿနာတွေ မျိုးစုံရှိပါ တယ်။ ဒီပြဿနာတွေက ငါးတွေ မျိုးပွားကျက်စားမယ့် နေရာတွေ ကို ထိခိုက်ပျက်စီးနိုင်သလို စီးပွား ရေးအရ အရေးပါတဲ့ငါးအကောင် ကြီးတွေ ဖြစ်လာမယ့် ငါးအကောင်ငယ်တွေကို သေကျေပျက်စီးစေပါ တယ်။ ဒီပြဿနာတွေပြေလည်ဖို့ ဒေသခံပြည်သူတွေ ကိုယ်တိုင်သူ တို့ ၀န်းကျင်က ငါးသယံဇာတတွေ ကို ကိုယ်တိုင်တာဝန်ယူထိန်းသိမ်း တဲ့ ဒေသခံတွေကိုယ်တိုင် စီမံခန့် ခွဲတဲ့ ငါးလုပ်ငန်း ရေပြင် တည် ထောင်တဲ့စနစ်ကို တိုင်းဒေသကြီး အစိုးရအကူအညီနဲ့ ဆောင်ရွက် နေပါတယ်’’ ဟု ဦးဇော်လွန်းက ပြောသည်။
မြိတ်ကျွန်းစုအတွင်း အဏ္ဏ ၀ါကာကွယ်ရေပြင် တည်ထောင် နိုင်ရန် သစ်တောဦးစီးဌာန၊ ငါးလုပ်ငန်းနှင့် FFI တို့ပူး ပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး စီမံကိန်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ် ၂၆ ရက်က မြိတ်မြို့တွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။7day

No comments: