Saturday, September 3, 2016

ပုဂံဒေသ ထိန်းသိမ်းရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ခရီးသွားလုပ်ငန်း စီမံချက် ရေးဆွဲမည်

ပုဂံဒေသရှိ စေတီပုထိုးအချို့ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ပုဂံဒေသတွင် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်အဆောက်အ အုံများ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (JICA)၊ ယူနက်စကိုတို့နှင့် ပူး ပေါင်း၍ ပုဂံဒေသ ခရီးသွားလုပ် ငန်းစီမံချက်ကို ရေးဆွဲမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ပုဂံဒေသခရီးသွားလုပ်ငန်း စီ မံချက်ရေးဆွဲရေး အစည်းအဝေး ကို သြဂုတ် ၃၁ ရက်က နေပြည် တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနရုံး၌ ပြုလုပ်ပြီး ရှေးဟောင်းသုတေသနအမျိုးသားပြ တိုက်နှင့် စာကြည့်တိုက်ဦးစီးဌာ န၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအ ဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် JICAနှင့်  ယူနက်စကိုတို့မှ ပညာရှင်များ တက်ရောက် ဆွေးနွေးခဲ့သည်။
‘‘ပုဂံဒေသမှာ ခရီးသွားလုပ် ငန်းနဲ့ပတ်သက်ပြီး ဘယ်လိုဖွံ့ဖြိုး အောင်လုပ်မလဲ၊ ဘာတွေပြင်ဆင် သွားဖို့ လိုမလဲဆိုတာတွေကို အ ဓိကထားပြီး ဆွေးနွေးခဲ့ကြတာပါ။ ဒီစက်တင်ဘာလထဲမှာပဲ နောက် ထပ် အစည်းအဝေးတစ်ခု လုပ်ပြီး ခရီးသွားလုပ်ငန်း စီမံချက်ကို ဘယ်တော့ စတင်ရေးဆွဲမယ်ဆို တာကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်’’ ဟု ပုဂံဟိုတယ်ဇုန်အတွင်းရေးမှူး ဦးဇော်ဝိတ်က ပြောသည်။
ထို့ပြင် ပုဂံဒေသတွင် ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရားစေတီများ ပြုပြင်ဆောက် ရွက်နေမှုအခြေအနေ၊ ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှု၊ အခြေခံအ ဆောက်အအုံနှင့် လူသားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားများကို ဆွဲဆောင်ရာ၌ ယဉ်ကျေးမှု အမွေအနှစ်များ မထိခိုက်စေဘဲ ဆောင်ရွက်ရေးစသည့် အချက်များကို အဓိကထားဆွေးနွေးခဲ့သည်။
လက်ရှိတွင် ပုဂံဒေသကို ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် ဒေသ ဖြစ်လာစေရန် ဆောင်ရွက်နေပြီး ယခု ရေးဆွဲသည့် ပုဂံဒေသခရီး သွားလုပ်ငန်း စီမံချက်အပြင် ရှေး ဟောင်းသုတေသန၊ အမျိုးသားပြ တိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန က ဦးစီး၍ ပုဂံဒေသအလုံးစုံ စီမံခန့်ခွဲရေး စီမံချက်ကိုလည်း ရေးဆွဲနေ သည်။7day

No comments: