Sunday, September 18, 2016

"နေပြည်တော် ၀န်ထမ်းရပ်ကွက်တွေအထိ မူးယစ်ဆေးဝါးပျံ့ နှံ့ နေပြီ " =================================


18..9..16
-
မြန်မာနိုင်ငံအနှံ့ တစ်စထက်တစ်စများပြား လာတဲ့ မုးယစ်ဆေးဝါးဟာ လက်ရှိကာလမှာနေပြည်တော်၊၀န်ထမ်းရပ်ကွက်တွေအထိ ပျံ့ နှံ့ လာပြီလို့ သိရပါတယ်။
-
ဝန်ထမ်းရပ်ကွက်တွေထဲကနယ်မြေစခန်းမှူးရဲအုပ်ဇော်လင်းဦးက"စစ်ဆေး
ရေးဂိတ်တွေပိတ်လာတာလည်းပါတာပေါ့ အရင်တုန်းက သည်လောက် မပေါဘူးအခုက ၀န်ထမ်းရပ်ကွက်တွေထိစိမ့် ဝင်လာပြီ "လို့ ပြောပါတယ်။
-
ပြီးခဲ့တဲ့ လအတွင်းကလည်း မူးယစ်ဆေးဝါးသုံးစွဲမှု၊လက်ဝယ်တွေ့ မှု နဲ့  အစိုးရ၀န်ထမ်းရဲ့ အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၁၆နှစ်ချမှတ်ခံခဲ့
ရပါတယ်။သည်လ ၁၆ရက်နေ့ မင်္ဂလာသိဒ္ဓိ ရပ်ကွက် ထဲမှာ စိတ်ကြွဆေးပြား ၈၀၀ကျော်ဖမ်းဆီးရမိတဲ့ မှာလည်း ကနဦးစစ်ဆေးချက်တွေအရကျန်းမာရေး
ဝန်ထမ်း၊အမျိုးသားလွှတ်တော်ရုံးဝန်ထမ်းတွေနဲဆက်နွယ်နေတာတွေရှိတယ်လို့အမှတ်(၇)စခန်းမှူးရဲအုပ်ဇော်လင်းဦးကပြောပါတယ်။
-
မူးယစ်ဆေးဝါးတွေအခုလို ပျံ့ နှံ့ လာတာက နယ်စပ်စစ်ဆေးရေးဂိတ်တွေ ပိတ်သိမ်းလိုက်တာကြောင့်လို့  ရဲတပ်ဖွဲံကပြောဆိုထားပါတယ်။ပပျောက်ဖို
အတွက်လည်းအခုနောက်ပိုင်းထောင်ခြောက်ဆင်ဖမ်းတာ၊အသွင်ယူဖမ်းတာ
တွေ ပါဆောင်ရွက်နေတယ်လို့ လည်း ရဲအုပ်ဇော်လင်းဦးကပြောပါတယ်။
-
သူက"မူးယစ်ဆေးဝါးကတော်တော်အချိန်ပေးရတယ် မပိုင်ပဲနဲ့ လည်းဖမ်း
လို့ မရဘူး ၀န်ထမ်းလိုင်းခန်းတွေရဲ့အားနည်းချက်က ဘာလဲဆိုတော့ ဘိုထိုင်အိမ်သာတွေနဲ့ ရေဆွဲချလိုက်ရင်ဘယ်လိုမှ ဖမ်းလို့ မရတော့ ဘူး အဲ့ဒါကြောင့်သေချာပိုင်အောင်တော့ ဖမ်းဖို့ လုပ်နေတယ်"လို့ ပြောပါတယ်။
-
ဝန်ထမ်းရပ်ကွက်တွေအားလုံးကဇမ္ဗူသီရိမြို့နယ်အတွင်းမှာရှိတာဖြစ်ပြီးလူဦးရေပေါင်းနှစ်သောင်းကျော်နေထိုင်တယ်လို့  လည်း ၂၀၁၄ခုနှစ် ပြည်လုံး
ကျွတ်သန်းခေါင်စာရင်းမှာဖော်ပြထားပါတယ်။
========
Kumudra

No comments: