Friday, September 23, 2016

ဒလ-ရန်ကုန် တံတား ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ် အပြီးတည်ဆောက်မယ်လို့ ၀န်ကြီးဌာန သတင်းထုတ်ပြန်

ဒလ-ရန်ကုန်တံတား တည်ဆောက်ရေးစီမံကိန်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ထဲမှာ အပြီး တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် လူမှုကွန်ယက်စာမျက်နှာက တဆင့် သတင်းထုတ် ပြန်လိုက်တာပါ။ ၁၉၀၀ မီတာနီးပါး အရှည်ရှိတဲ့ အဲ့ဒီတံတားစီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF ချေးငွေနဲ့ မြန်မာအစိုးရ ထည့်ဝင်ငွေတို့နဲ့ တည်ဆောက်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒီ တံကားကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနဲ့ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ် တည်ဆောက်ဖို့ ရှိနေတာဖြစ်ပါတယ်ရှင်။MCM

No comments: