Saturday, September 24, 2016

သေနတ်​နဲ့ ပစ်​ခတ်​ဖမ်းဆီးရာကနေ လွတ်သွားတဲ့ တရားခံကို မြို့ချောင်းမှာ ဖမ်းမိ

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က စစ်ဆေးရေးမောင်းတံဂိတ်ကို ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတဲ့ တရားခံကို ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် မြို့ချောင်းဒေသက သစ်တောစစ်ဆေးရေးစခန်းအနီးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

မြို့ချောင်းဒေသက သစ်တောစစ်ဆေးရေးစခန်းအနီးမှာ ရပ်ထားတဲ့ကားကို သစ်တောဝန်ထမ်းတွေနဲ့ သစ်တောရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ တရားခံ ဝင်းထွန်းကို တရားမဝင် သစ်ခွဲသားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ တရားခံဝင်းထွန်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က သစ်တောမောင်းတံဂိတ်မှာ တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်ခိုင်းစဉ် မောင်းတံဂိတ်ကို ကားနဲ့တိုက်ပြီး ထွက်ပြေးခဲ့တာပါ။

တာဝန်ရှိသူတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးပေမဲ့ ထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပြီး ခုချိန်မှာ ဖဒိုနယ်မြေရဲစခန်းက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆(၁)၊ သစ်တောဥပဒေပုဒ်မ ၄၃(က)တို့နဲ့ အမှုဖွင့်အရေးယူထားတာ ဖြစ်ပါတယ်။

MCN

No comments: