Sunday, September 18, 2016

အဓမ္မပြုကျင့်သူကို တုံ့ပြန်တိုက်ခိုက်ခဲ့သည့် ထိုင်းကျောင်းသူ

ဓာတ်ပုံ - sanook

ထိုင်းနိုင်ငံမှ ဆယ်ကျော်သက်အရွယ် ကျောင်းသူတဦးဟာ သူ့ရဲ့နေအိမ်ပေါ်တက်ကာ အဓမ္မပြုကျင့်ဖို့ ကြိုးစားသူတဦးကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး သူက ဘယ်လိုတုံ့ပြန်တိုက်ခိုက်ခဲ့တယ်ဆိုတာကို သတင်းထောက်တွေကို ပြန်လည်ပြောပြခဲ့တာပါ။

နောင်ဘိုးအမည်ရတဲ့ အသက် ၁၈ နှစ်အရွယ် အဆိုပါကျောင်းသူဟာ ချိန်နတ်ခရိုင်ထဲက နေအိမ်မှာ မိခင်နဲ့ ၂ ဦးတည်း နေထိုင်တာဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

သူဟာ ဒေသတွင်း ကျောင်းတကျောင်းမှာ တက်ရောက်နေတာဖြစ်ပြီး ကျောင်းသားကောင်စီခေါင်းဆောင်တဦး ဖြစ်ပါတယ်။

အဲဒီနေ့က သူဟာ မိခင်ဖြစ်သူနဲ့အတူ အိမ်အနီးက ဈေးတခုဆီ သွားခဲ့ကြတာဖြစ်ပြီး မိခင်ဖြစ်သူဟာ သူ့ရဲ့မိတ်ဆွေနဲ့ စကားပြောနေခဲ့ချိန်မှာ နောင်ဘိုးက အိမ်စာလုပ်စရာရှိတဲ့အတွက် အိမ်ကို တယောက်တည်း ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

သူမဟာ အိမ်ထဲကို တယောက်တည်းဝင်လာခဲ့ချိန်မှာ အိမ်အတွင်း ရေခဲသေတ္တာနောက်မှ လူတဦး ရုတ်တရက်ပေါ်လာခဲ့ပြီး သူ့နောက်ကနေ ဦးခေါင်းကို အဆက်မပြတ် ရိုက်နှက်ခံခဲ့ရပါတယ်။

နောင်ဘိုးဟာ ကြမ်းပြင်ပေါ်လှဲချပြီး သေသွားခဲ့သယောင် ဆောင်ခဲ့ချိန်မှာ အဲဒီအမျိုးသားက သူဝတ်ဆင်ထားတဲ့ အားကစားဘောင်းဘီကို ဆွဲချွတ်ခဲ့တာပါ။

အဲဒီနောက်တော့ အတွင်းမှထပ်ဝတ်ထားတဲ့ ဂျင်းသားအတွင်းခံကို ခက်ခက်ခဲခဲ ဆွဲချွတ်ခဲ့ချိန်မှာ သူက အနားမှာရှိတဲ့ ရေပုံးကို ဆွဲယူပြီး အဆိုပါအမျိုးသားရဲ့ ဦးခေါင်းကို ရိုက်ခဲ့ပါတယ်။

နောင်ဘိုးဟာ အဲဒီအမျိုးသားရဲ့မျက်လုံးကို လက်နဲ့ထိုးသွင်း တိုက်ခိုက်ခဲ့ချိန်မှာ သူ့ရဲ့ဖုန်းကိုယူပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ နောင်ဘိုးကို ဆေးရုံပို့ဆောင်ပြီး ၇ ချက်ချုပ်ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ ကျူးလွန်ခဲ့သူ အမျိုးသားကို အိမ်နီးချင်းတဦးဖြစ်မယ်လို့ ယူဆနေကာ ရဲတွေက ဒေသခံတွေနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

ကွန်ပျူတာစနစ် ချွတ်ယွင်းမှုကြောင့် ကမ္ဘာတ၀န်း ဒယ်လ်တာလေကြောင်းလိုင်း ခရီးစဉ်များ ရပ်ဆိုင်း ခရီးသည် ၂၁ ဦး စီးနင်းလိုက်ပါလာသည့် နီပေါလေယာဉ်ပျောက်ဆုံး မော်ဒိုက်ကျွန်း သောက်ရေစက်ရုံ မီးပြတ်တောက်၊ လူ ၁ သိန်းခန့် ရေအခက်ခဲကြုံ ပြိုကျသတ္တုတွင်းထဲ ပိတ်မိနေသည့် လုပ်သားများအတွက် အစားအစာပေးနိုင်ရန် အသက်ကယ်ပေါက် ဖောက်

Previous storyကာတွန်း – ကိုခေတ်Next storyဒေါ်စုနဲ့ ဆန်ရှင်

LEAVE A REPLY

Comment

Name *

Email *

Website

သတင်းဓာတ်ပုံ

လစာ ၃ သိန်းရရှိဝန်ထမ်းများအနေဖြင့် အိမ်ယာဝယ်ယူရန် အခက်အခဲရှိ

ဒေါ်အောင်ဆန်းစုကြည် ဟားဗတ်ဆုယူ နယူးယောက်က မြန်မာများနှင့် တွေ့ဆုံ

မောင်တောမြို့တွင် စိတ်ကြွဆေးပြား ၇ သိန်းနီးပါး ဖမ်းမိ၊ ပိုင်ရှင်ကို လိုက်လံရှာဖွေနေဆဲ

ဆိုက္ကားဆရာငပိန်ဂိမ်း 2016 Tokyo Game Show တွင် ASEAN Character Award 2016 ဆုရွေးချယ်ခံရ

Most Popular

 ViewedComments Recent01ဒေါ်စုသား၊ မြေးတို့နှင့် လန်ဒန် ဘတ်စ်ကားပေါ်ဆုံသည့် ဘီဘီစီသတင်းထောက်02လွန်ခဲ့သည့် နှစ် ၃၀၀ က မပုပ်မသိုးသေးသည့် သားအမိအလောင်း (ရုပ်သံ)03ကျိုက်ထီးရိုးက ဟိုတယ်ခန်း ၁၀၀ ကျော်နှင့် ကန်ထရိုက်အလှူခံစနစ် ဖျက်သိမ်း04ဘဲအသံနှင့် နွားမျက်တောင်ပုံပိုင်ဆိုင်သည့် ၇ နှစ်သမီးကို နတ်ဘုရားမအဖြစ် ကြေညာ (ဓာတ်ပုံ)05နေအိမ်ပေါ်တက် အဓမ္မပြုကျင့်သူကို တုံ့ပြန်တိုက်ခိုက်ခဲ့သည့် ထိုင်းကျောင်းသူ

Follow on Facebook

သတင်းနိုင်ငံရေးစီးပွားရေးလူမှုရေးကျန်းမာရေးဘာသာရေးပညာ​ရေး​အလုပ်သမား​လယ်သမားအနုပညာစစ်​ရေး​မှုခင်းနိုင်ငံတကာသတင်းအာရှဒေသအားကစားဆောင်းပါးရေဒီယိုDVB Radio DailyEthnic Radioမေးမြန်းချက်လွှတ်တော်​ရေး​ရာသုံးသပ်ချက်သတင်းတိုPrivacy Policy 

No comments: