ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်အဆင့် အလုပ်အမှုဆောင် ရွေးချယ်ရေးအတွက် တောင်ကြီးမြို့သို့ ဗဟိုကော်မတီဝင် ဦးဝင်းထိန်ရောက်ရှိနေစဉ် ရှမ်းပြည်နယ် ဒီချုပ် ဥက္ကဋ္ဌ ၊ တောင်ကြီး ခရိုင် ဥက္ကဋ္ဌနှင့် ပါတီဝင်အချို့အား နှုတ်မိန့်ဖြင့် ထုတ်ပယ်ခဲ့ကြောင်း ယခင် တောင်ကြီးခရိုင် NLDပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုထုတ်ပယ်ခံရသူ ဦးတင်မောင်တိုးက Myanmar Review ဂျာနယ်သို့ ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို၏ ညွန်ကြားချက်အရ ရှမ်းပြည်နယ်အတွင်း လစ်လပ်အလုပ်အမှုဆောင်များကို ခရိုင်အဆင့်အထိ ရွေးချယ်ကာ တင်ပြထားပြီး ဖြစ်သော်လည်း ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြန်လည်ရွေးချယ်ရန် တောင်ကြီးမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ယင်းနောက် ပြန်လည်ရွေးချယ်မှုကို လက်မခံသော ခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက လူမှုကွန်ရက်စာမျက်နှာတွင် ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဝေဖန်ရေးသားခဲ့ရာ ပါတီ၏အကြီးအကဲကို ဝေဖန်သည်ဟုဆိုကာ ဦးဝင်းထိန်က နှုတ်မိန့်ဖြင့် ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''ခုလိုထုတ်ပယ်တာက ပါတီစည်းမျဉ်းစည်းကမ်းနဲ့လည်း မညီဘူး။ အပြစ်ရှိရင် စစ်ဆေးပြီးမှ တာဝန်ထမ်းဆောင်ခွင့် အနားပေးသင့်တာပေါ့ ။ခုတော့ ဦးဝင်းထိန်လုပ်ရပ်က အာဏာရှင်ဆန်ပါတယ်''ဟု ဦးတင်မောင်တိုးက ပြောသည်။
ဗဟိုကော်မတီဝင် ဦးဝင်းထိန်၏ နှုတ်မိန့်ဖြင့် ထုတ်ပယ်ခံရသူများမှာ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးပါ နှစ်ဦးနှင့် တောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးတို့ ဖြစ်သည်။ လက်ရှိတွင် ဒေါ်ခင်မိုးမိုးမှာ နေပြည်တော်သို့ရောက်ရှိနေပြီး ပါတီ၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ ယင်းဖြစ်စဉ်အား ရှင်းလင်းပြောကြားနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
(ပုံစာ- ပါတီမှ နှုတ်မိန့်ဖြင့် ထုတ်ပယ်ခံရသူ ယခင် တောင်ကြီးခရိုင် NLDပါတီဥက္ကဋ္ဌ ဦးတင်မောင်တိုး)
ဓါတ်ပုံ- Kotoe Taunggyi Facebook
မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com
No comments:
Post a Comment