Sunday, September 4, 2016

တရုတ်နှင့် နှစ်နိုင်ငံကိစ္စများ ပွင့်လင်းစွာ ဆွေးနွေးရန် အိုဘားမား မျှော်လင့်


Reuters
နှစ်နိုင်ငံကြား ဆက်ဆံရေးတွင် အဖုအထစ်ဖြစ်နေသော ဆိုက်ဘာလုံခြုံရေး၊ လူ့အခွင့်အရေးနှင့် ရေကြောင်းသွားလာမှု စိုးရိမ်ပူပန်မှု ကိစ္စများတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများ အလိုရှိသည်ဟု အမေရိကန်သမ္မတ အိုဘားမားက တရုတ်သမ္မတ စီကျင်းပင်အား ပြောကြားသည်။

တရုတ်နိုင်ငံ ဟန်ဇူးမြို့တွင် ကျင်းပနေသော ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲပြင်ပ၌ ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြခြင်းဖြစ်သည်။
ဇန်န၀ါရီတွင် သမ္မတရာထူးမှ မဆင်းမီ ၎င်း၏ နောက်ဆုံး ဂျီ-၂၀ အစည်းအဝေးသို့ တက်ရောက်နေသော အိုဘားမားသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု အရေးတကြီးကိုင်တွယ်ရန် လိုအပ်ပုံကို အလေးအနက် ပြောဆိုပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာရေးမူဝါဒကို အသုံးပြုရန်လည်း အခြားခေါင်းဆောင်များအား တိုက်တွန်းလိုနေသည်။
၎င်း၏ ရှစ်နှစ်ကြာ သမ္မတ သက်တမ်းတွင် အိုဘားမားသည် စီကျင်းပင်နှင့် နောက်ဆုံးတွေ့ဆုံမှု ခရီးစဉ်လည်း ဖြစ်နိုင်သည်။
‘‘လူ့အခွင့်အရေးကိစ္စ၊ ဆိုက်ဘာလုံခြုံရေး၊ ရေကြောင်းကိစ္စလိုမျိုးကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမယ်ဆိုတာ သိပါတယ်’’ ဟု အိုဘားမားက စီကျင်းပင်နှင့် အစည်းအဝေးအဖွင့်တွင် ပြောကြားသည်။
‘‘ဒေသတွင်းနဲ့ ကမ္ဘာကြီးရဲ့ လုံခြုံမှုတိုးတက်အောင် လုပ်ဆောင်တဲ့နေရာမှာ ကိုရီးယားကျွန်းဆွယ်ကနေပြီးတော့ အိုင်အက်စ်အဖွဲ့ တိုက်ဖျက်ရေးအထိ ကျွန်တော်တို့ရဲ့ ဘုံအကျိုးစီးပွားတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ မျှော်လင့်ပါတယ်’’ ဟု အိုဘားမားက ပြောသည်။
စီကျင်းပင်ကလည်း ကမ္ဘာ့စီးပွားရေး အရှိန်အဟုန်ရလာစေရန် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးမှာ တရုတ်နှင့် အမေရိကန်တို့၏ တာဝန်ဖြစ်ကြောင်း၊ ဆိုက်ဘာပြစ်မှုတိုက်ဖျက်ရေး၊ အာဖရိကတွင် အီဘိုလာရောဂါထိန်းချုပ်ရေး၊ အီရန်နျူကိစ္စများတွင် တိုးတက်မှုများရရှိခဲ့သည်ဟု ပြောကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။
—Ref: Reuters

မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: