Friday, September 16, 2016

ရန်ကုန်လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှု ယခုလ နှစ်ရက် တစ်စီးနှုန်းဖြင့် ဖမ်းဆီးရမိဟုဆို



ရန်ကုန်၊ စက်တင်ဘာ ၁၅

ရန်ကုန်မြို့တွင်း လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးရာတွင် စက်တင်ဘာလတွင် နှစ်ရက်လျှင် တစ်စီးနှုန်းဖြင့် ဖမ်းဆီးရမိလျက်ရှိကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

"အရင်လတွေက Without ကားဆိုရင် တစ်လလုံးကို ဆယ်စီးတောင် မပြည့်ဘူး။ အခုက နှစ်ရက်တစ်စီး စစ်ဆေးတွေ့ရှိတယ်။ လမ်းတွေ ပိတ်ဆို့မှုဖြစ်လို့ ရပ်ထားတဲ့ကားတွေကို လိုင်စင် ရှိ မရှိ စစ်ပြီး ပိုင်ရှင်မရှိရင် ကရိန်းနဲ့ ဆွဲတယ်"ဟု အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး ဒုရဲမှူးကြီး အောင်ကိုဦးက ဆိုသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှု ၅၈ စီး ရှိပြီး စက်တင်ဘာလ ၁ ရက်မှ ၁၂ ရက် အထိ လိုင်စင်မဲ့ယာဉ် ခြောက်စီး ဖမ်းဆီးမှုရှိကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ မှူးရုံးထံမှ သိရသည်။

လိုင်စင်မဲ့ယာဉ်များ တရားမဝင် ဝင်ရောက်မှုကို မေလ၁ရက်မှ စတင်ကာ နယ်စပ်ဂိတ်များတွင် စစ်ဆေးဖမ်းဆီး ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ 

လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီး အရေးယူရာတွင် ပိုင်ရှင်နှင့်တကွ ဖမ်းဆီးရမိပါက ယာဉ်ပိုင်ရှင်ကို ဒဏ်ငွေ ကျပ်နှစ်သိန်းနှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်မည်ဖြစ်ပြီး ပိုင်ရှင်မဲ့ဖြစ်ပါက ယာဉ်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းကာ လေလံတင် ရောင်းချမည်ဖြစ်သည်။





မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: