ရန်ကုန်တိုင်းဒေသကြီးအတွင်း
ပြည်တွင်းအခွန်များ ဦးစီးဌာနက ကုန်သွယ် လုပ်ငန်းခွန် တံဆိပ်ခေါင်း
မကပ်သည့် စားသောက်ဆိုင် ၄၄ ဆိုင်ကို ၂ဝ၁၆ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ
ဒဏ်ရိုက်ခဲ့ရာ ဒဏ်ကြေးငွေ ကျပ်သိန်း ၁၅ဝ ကျော် ရရှိခဲ့ကြောင်း
အဆိုပါဌာနထံမှ သိရသည်။
ယခု လက်ရှိ ကုန်သွယ်ခွန်
တံဆိပ်ခေါင်း မကပ်သည် စားသောက်ဆိုင် ဟိုတယ်နှင့် တည်းခိုခန်းများကို
ဒဏ်ကြေးငွေဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိပြီး နောက်ပိုင်းတွင်
ကုန်သွယ်လုပ်ငန်း ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း
ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“အခွန်ပြေစာ
အမှတ်တံဆိပ် မကပ်တဲ့ စားသောက်ဆိုင်တွေ အခုအချိန်ထိ ရှိနေတယ်။ ကျသင့်ငွေ
လျှော့ကပ်တဲ့ ဆိုင်တွေလည်း ရှိတယ်။ အခုလက်ရှိ ရှောင်တခင် ဝင်ရောက်
စစ်ဆေးပြီး အရေးယူ ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆိုသည်။
စားသောက်ဆိုင်၊
ဟိုတယ်နှင့် တည်းခိုခန်းများ၏ ငွေရှင်း ပြေစာများတွင် ကုန်သွယ်
လုပ်ငန်းခွန် တံဆိပ်ခေါင်း ကပ်ရန် ပျက်ကွက်ပါက ဥပဒေပုဒ်မ ၃၂ အရ တရားစွဲဆို
နိုင်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ
ချမှတ်နိုင်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရှိရသည်။
စားသောက်ဆိုင်၊
ဟိုတယ်နှင့် တည်းခိုခန်းများ၏ ငွေရှင်းပြေစာများတွင် ကုန်သွယ်
လုပ်ငန်းခွန် အမှတ်တံဆိပ် ကပ်ရန် ၂ဝ၁၄ နှစ်ကုန်ပိုင်းတွင် စတင်
ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန် တံဆိပ် မကပ်သည့်
စားသောက်ဆိုင်များကို ၂ဝ၁၅ ခုနှစ် မေလမှ စတင် ဒဏ်ရိုက်ခဲ့သည်။
No comments:
Post a Comment