Monday, September 5, 2016

ရန်ကုန်တွင် တရားဝင် မှတ်ပုံတင်ထားသည့် ယာဉ်ရှစ်သိန်းထိရှိ





ရန်ကုန်၊ စက်တင်ဘာ ၎


ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြော ပိတ်ဆို့မှုကို လျော့နည်းစေရန် ရန်ကုန် ဖရီးပါမစ် ယာဉ်များ တင်သွင်းမှုကို ပိတ်ထားသော်လည်း ယခုအခါ တရားဝင် မှတ်ပုံတင်ထားသည့် ယာဉ်စီးရေမှာ ရှစ်သိန်းခန့်ရှိလာကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရ သည်။



ယခင်က ရန်ကုန်မြို့တွင် မှတ်ပုံတင်ထားသည့် ယာဉ်စီးရေမှာ ငါးသိန်းကျော်သာရှိပြီး ယခုအခါ ရန်ကုန်မြို့တွင် တရားဝင် မှတ်ပုံတင်ထားသော ယာဉ်စီးရေမှာ ရှစ်သိန်းခန့် ရှိလာပြီဖြစ်ကြောင်း က.ည.န မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


“ရန်ကုန်မြို့မှာ ခရီးသည်တင်ယာဉ် စီးရေထက် လူစီးယာဉ်က ပိုမို များနေတဲ့အတွက် ယာဉ်ကြော ပိတ်ဆို့မှုတွေ ပိုဖြစ်နေတာပါ။ နောက်ပြီး ရန်ကုန်မြို့မှာ တရားမဝင် လိုင်စင်မဲ့ယာဉ်တွေ နယ်လိုင်စင်ယာဉ်တွေ များပြား လာတာကိုလည်း စိစစ်အရေးယူ ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆိုသည်။


ကားပါကင် ထောက်ခံချက်ပါရှိမှ ကားတင်သွင်းသည့် စနစ်ကို ရပ်ဆိုင်းခဲ့သည်မှာ ငါးလခန့် ကြာမြင့်ခဲ့ပြီး ရန်ကုန်တိုင်းတွင် တရားဝင် မှတ်ပုံတင်ထားသည့် ယာဉ်စီးရေထက် များပြားနေကာ လိုင်စင်မဲ့ မော်တော်ယာဉ် များပြားလာခြင်း၊ နယ်လိုင်စင်ယာဉ်များ မောင်းနှင်လာမှု များပြားနေခြင်းကို စိစစ် အရေးယူပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ဆိုသည်။


ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ၁၆ ခုနှစ် သြဂုတ်လကုန်အထိ တရားဝင် မှတ်ပုံတင်ထားသည့် ယာဉ်များတွင် အိမ်စီးယာဉ် ၃၃ဝ,ဝဝဝ၊ ခရီးသည်တင်ယာဉ် ၁၅,ဝဝဝ ကျော်၊ ကုန်တင်ယာဉ် (ဝန်ပေါ့) ၁၂ဝ,ဝဝဝ ကျော်၊ ကုန်တင်ယာဉ် (ဝန်လေး) ၁၇,ဝဝဝကျော်၊ အခြားယာဉ် ၂၉,ဝဝဝ ကျော်၊ နှစ်ဘီးတပ်ယာဉ်  ၂၅ဝ,ဝဝဝ ကျော်၊ သုံးဘီး တပ်ယာဉ် ၄၄ဝဝ ကျော်၊ ထော်လာဂျီ ၃ဝဝဝ ကျော်နှင့် ယန္တရား ၅ဝဝ ကျော်တို့ ပါဝင်သည်။


“ရန်ကုန်မြို့မှာ လူဦးရေ များပေမယ့် ခရီးသည်တင် ယာဉ်က နည်းတယ်လေ။ နောက်ပြီး စည်းကမ်းမဲ့ လမ်းဘေး ဈေးသည်တွေ အိမ်စီးယာဉ်တွေရဲ့ စည်းကမ်းမဲ့မှု၊ ရပ်နား မောင်းနှင်မှုတွေကို သေချာ အရေးယူ ဆောင်ရွက်မှသာ ယာဉ်ကြော ပိတ်ဆို့မှု လျော့နည်းသွားမှာပါ”ဟု ဗိုလ်တထောင်မြို့နယ်နေ ကိုထွန်းထွန်းနိုင်က ဆိုသည်။



မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: