Monday, September 5, 2016

မြန်​မာ-ထိုင်းနယ်​စပ်​ ၀င်​ပေါက်ထွက်​​ပေါက်​ဖြစ်​​သည့်​ မြ၀တီနယ်​စပ် ​ချစ်​ကြည်​​ရေး တံတားတွင်​ ဇီကာဗိုင်းရပ်​စ်​ ကာကွယ်​မှု ပြုလုပ်​​ဆောင်​ရွက်လျက်​ရှိ





မြ၀တီချစ်​ကြည်ရေး တံတားဂိတ်​တွင်​ စက်​တင်ဘာ ၃ ရက်​ ည ၆ နာရီခန့်က ဇီကာဗိုင်းရပ်​စ်​ ကာကွယ်မှု ပြုလုပ်​သည့်​ အ​နေဖြင့်​ ခြင်​​ဆေးဖျန်းခြင်း ​ဆောင်​ရွက်​နေစဉ်

မြန်​မာ-ထိုင်းနယ်​စပ် ​၀င်ပေါက်ထွက်​ပေါက်​ဖြစ်​​သော မြ၀တီချစ်​ကြည်ရေး တံတားဂိတ်​တွင်​ စက်​တင်ဘာ ၃ ရက်​ ည ၆ နာရီခန့်က ဇီကာဗိုင်းရပ်​စ်​ ကာကွယ်မှု ပြုလုပ်သည့်​ အ​နေဖြင့်​ ခြင်​​ဆေးဖျန်းခြင်းများ ​ဆောင်​ရွက်​ခဲ့​ကြောင်း သိရသည်​။

မြန်မာ-ထိုင်း ၀င်/ထွက်​ပေါက်​ဖြစ်​သည်​ မြ၀တီချစ်​ကြည်​​ရေးတံတားမှ နိုင်​ငံခြားသား ကမ္ဘာလှည့်​ခရီးသွားများ၊ ထိုင်းနိုင်​ငံသားများ၊ ထိုင်းနိုင်​ငံအတွင်း သွား​ရောက်​ပြီး လုပ်ကိုင်​​နေ​သော မြန်​မာ့ ရွှေ့ပြောင်းလုပ်​သားများ ​နေ့စဉ်​ ရာနှင့်​ချီ၍ ​နေရပ်​သို့ ပြန်​လည်ဝင်​​ရောက်​လျက်​ရှိရာ ​ဖေ​ဖော်​၀ါရီလမှ စ၍ ကျန်းမာ​ရေးဌာန ညွှန်​ကြားချက်​ဖြင့်​ စစ်​​ဆေးမှုများ ပြုလုပ်​​နေခြင်းဖြစ်​ပြီး ယခုအခါ တ​စ်ကျော့ပြန်​အဖြစ်​ ကာကွယ်​မှုလုပ်​ငန်းများ လုပ်​​ဆောင်​​နေခြင်းဖြစ်​​ကြောင်း သိရသည်​။

နည်​စပ်​ ၀င်​ထွက်​​ပေါက်ဖြစ်​ခြင်း​ကြောင့် တစ်ဖက်​နိုင်​ငံမှ ပြန်​လာသူများတွင်​ ​ရောဂါ လက္ခဏာ မပြဘဲ ပါလာနိုင်​ခြင်း​၊ ဗိုင်းရပ်​စ်​ပိုး ပါရှိသည့်​ခြင်းများ မ​ပေါက်​ပွားနိုင်​​ရေးအတွက်​ အုပ်​ချုပ်​​ရေးပိုင်းနှင်​ ပြည်​သူ့ကျန်းမာ​ရေးဌာန မြို့စည်​ပင်​​ကော်​မတီတို့ ပူးပေါင်းပြီး ကာကွယ်​မှု လုပ်​ငန်းများကို ​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း သိရသည်​။

မြ၀တီခရိုင်​ ပြည်​သူ့ကျန်းမာ​ရေးဌာနမှ ဆရာဝန်​ကြီး​ ဒေါက်​တာသန္တာစိုးက အဓိကက​တော့ ခြင်​​ပေါ့။ ခြင်​နှိမ်​နင်းမှုကို မြ၀တီမြို့တွင်းမှာ သွေးလွန်​တုပ်ကွေးရာသီတစ်လျှောက်​ လုပ်​​ဆောင်​ခဲ့ကြပါတယ်​။ အရွယ်​​ရောက်​​နေတဲ့ မိခင်​​လောင်း​တွေ၊ ကိုယ်​၀န်​​ဆောင်​ အမျိုးသမီး​တွေ နည်းတူ အမျိုးသား​တွေလည်း ဇီကာဗိုင်းရပ်​စ်ပါတဲ့ ခြင်​မကိုက်​မိ​စေဖို့ လိုပါတယ်​။ အမျိုးသမီး​ မိခင်​​လောင်​​တွေကတစ်ဆင့်​ သားသမီးကို ကူးစက်​ပြီး ​မွေးလာတဲ့
က​လေး​တွေကို ဒုက္ခပေးနိုင်​သလို အမျိုးသား​တွေကိုလည်း မျိုးသုဉ်းနိုင်​တဲ့ထိ အန္တရာယ်​​ပေးနိုင်​တဲ့အတွက်​ အထူးသတိပြု ကာကွယ်​ဖို့ လိုပါတယ်” ဟု ဆိုသည်​။

ထို့ပြင် မြ၀တီနယ်​စပ်​ဆေးရုံကြီးတွင်​ ပြင်​ပမှ ​ရောက်​ရှိလာသည့်​ လူနာများ၊ တစ်ဖက်​နိုင်​ငံ၌ အလုပ်​လုပ်​ပြီး ​နေရပ်​ပြန်လာသည့်​ သူများအား သာမန်​ဖျားနာကြောင့်​ ဆေးရုံတက်​​ရောက်​ကုသမှု ခံယူလျှင်​ပင်​ ဇီကာ သံသယဖြင့်​ အထူးအ​လေးထား ​စောင့်​ကြပ်စစ်​​ဆေး ကုသ​ပေးလျက်​ရှိသည်​ဟု ၎င်းက ဖြည့်စွက်​​ပြောကြားသည်​။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနေဖြင့် ခြင်ကျားလောက်လမ်းနှိမ်နင်းရေး ရက်သတ္တပတ်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှ မတ်လမှစ၍ မိုးရာသီ ကုန်ဆုံးချိန်အထိ တစ်လလျှင် တစ်ပတ် (တစ်ကြိမ်) နှင့် မိုးရာသီကုန်ဆုံးလျှင် နှစ်လလျှင် တစ်ပတ် (တစ်ကြိမ်) သတ်မှတ် လုပ်ဆောင်ရန်နှင့် ပညာပေး လုပ်ငန်းများပါ တစ်ပြိုင်နက် လုပ်ဆောင်လျက် ရှိသည်​။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ဇီကာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း၊ လူထုအသိပညာပေး လုပ်ငန်း၊ ခြင်ကျားနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်း၊ ပြည်သူလူထုအား ခြင်အကိုက်မခံရအောင် သင့်လျော်သော ကာကွယ်ရေး နည်းလမ်းများကို အသုံးပြုရေး အသိပညာပေး နှိုးဆော်တိုက်တွန်းရန် ပြည်သူ့ကျန်းမာရေးဌာနမှ တိုက်​တွန်းထားသည်​။

ထို့တူ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး မွေးဖွားနိုင်သော အသက်အရွယ်ရှိ အမျိုးသမီးများကို ပိုမိုအလေးထား အသိပညာပေးရန်၊ ရောဂါကူးစက် ဖြစ်ပွားနေသော ဒေသများတွင် Microcephaly နှင့် Guillain Barre Syndrome ဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန်နှင့် ရောဂါကူးစက် ဖြစ်ပွားမှုများ တွေ့ရှိပါက ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံ အသီသီးသို့ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့မျှဝေပေးရန် အကြံပြု တိုက်တွန်းထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

Writer: 

ကိုရွှေသိန်း (မြ၀တီ



မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: