အရေးပေါ် ကာလစီမံခန့်ခွဲမှု ကော်မတီတစ်ရပ် ကျင်းပနေစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)
ရှမ်းပြည်နယ်ဝန်ကြီး
ချုပ် ဒေါက်တာလင်းထွဋ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် အရေးပေါ်
ကာလစီမံခန့်ခွဲမှုကော်မတီတစ် ရပ်ကို စတင်ဖွဲ့စည်းလိုက်ကြောင်းသတင်းရရှိသည်။
ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနိုင်သည့် လူမျိုးရေး၊ ဘာသာရေး အပါအ၀င် အဖျက်အမှောင့်လုပ် ဆောင်ချက်များကို ထိရောက်စွာ ဟန့်တားနိုင်ရန် ရည်ရွယ်၍ အရေးပေါ်ကာလစီမံခန့်ခွဲမှုကော်မတီဖွဲ့ စည်းခဲ့ခြင်း ဖြစ်သည်ဟု ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်း ထွဋ်က ပြောသည်။
‘‘ရှမ်းပြည်နယ်မှာဖြစ်ပေါ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေ ကို ထိရောက်လျင်မြန်စွာ ကိုင် တွယ်ဖြေရှင်းနိုင်ဖို့အတွက် ဥပဒေ နဲ့ အညီ အလျင်အမြန်ဆောင်ရွက် နိုင်ဖို့အတွက် ဖွဲ့စည်းရခြင်းဖြစ် တယ်’’ဟု ဒေါက်တာ လင်းထွဋ်က ပြောသည်။
ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ် တာဝန်ယူ သည့် အဆိုပါကော်မတီတွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်း မှူး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့နှင့်ပါ ချိတ်ဆက်ဆောင်ရွက်မည် ဖြစ်သည်။
ယင်းကော်မတီတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးက ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးက အတွင်းရေးမှူးအဖြစ် တာဝန်ယူမည် ဖြစ်သည်။
ကော်မတီ အဖွဲ့ဝင်များအဖြစ်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဥက္ကဋ္ဌများ၊ တိုင်းစစ်ဌာနချုပ်များမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ အပါအ၀င် စုစုပေါင်းအဖွဲ့ဝင် ၂၉ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ သတင်းရရှိသည်။7day

No comments:
Post a Comment