Saturday, September 3, 2016

မော်တော်ယာဉ်များ ကြိုတင်ဝင်ငွေခွန်ကောက်ခံမှု သုံးလအတွင်း ကျပ်သန်းတစ်သောင်းခန့်ရရှိ

 မော်တော်ယာဉ်များ ကြိုတင်ဝင်ငွေခွန် ကောက်ခံရာ သုံးလအတွင်း ကျပ်သန်းတစ် သောင်းခန့် ရရှိထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။
မော်တော်ယာဉ်များကို ကြို တင် ၀င်ငွေခွန် စတင်ကောက်ခံ သည့် ဇွန်လ ၁ ရက်ကစ၍ သြဂုတ် နောက်ဆုံးပတ်အထိ စာရင်းများ အရ အစီးရေ ခြောက်ထောင်ကျော် ကို အခွန်ကောက်ခံပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်  ဖော်ပြပါရှိ သည်။ လာရောက်အခွန်ဆောင် သည့် ကားအများစုတွင် စလစ်ဖြင့် တင်သွင်းသည့်ကားများထက် ဖရီး ပါမစ်ဖြင့် တင်သွင်းသည့်ကားများ က အများဆုံးဖြစ်ပြီး အထူးသဖြင့် လုပ်ငန်းသုံးကားများ အများဆုံး ဖြစ်ကြောင်း သိရသည်။
ရန်ကုန် လိုင်စင်ဖြင့် ကား တင်သွင်းမှု ရပ်ဆိုင်းထားသော ကြောင့် အရေအတွက် နည်းပါးနေ ပြီး ရန်ကုန်လိုင်စင်ကားများ တင်
သွင်းခွင့်ပြုခဲ့ပါက ယခုထက်အရေ အတွက်များပြားလာနိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ဆိုသည်။
‘‘တော်တော်များများက အ လုပ်ရှုပ်တယ်။ အခွန်ပဲဆောင် လိုက်မယ်ဆိုပြီး ဆောင်ကြတာ။ တကယ်နားလည်တဲ့ သူတွေကျ တော့ ၀င်ငွေရလမ်းပြပြီး ကား သွင်းရန် အခွန်ဆောင်စရာ မလို ဘူး’’ဟု Moris Automobile  မန် နေဂျင်းဒါရိုက်တာဦးမြတ်လင်း က သုံးသပ်သည်။
ယခုကောက်ခံနေသည့် ကြို တင်ဝင်ငွေခွန်ကို စတင်ကျင့်သုံး စဉ်က မော်တော်ယာဉ်တင်သွင်း သူ လုပ်ငန်းရှင်များ အပြင်းအထန် ဝေဖန်ကန့်ကွက်ခဲ့သည့် အခွန်စ နစ်တစ်ခု ဖြစ်သည်။
၂၀၁၆ ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ ၀င်ငွေရ လမ်းမဖော်ပြနိုင်ပါက မော်တော် ယာဉ်တန်ဖိုးကို တွက်ချက်၍ တစ် ကျပ်မှ ကျပ်သိန်းသုံးရာအထိကို ကြိုတင်ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း၊ သိန်းသုံးရာအထက်မှ သိန်းတစ် ထောင်အထိ ကြိုတင်ဝင်ငွေခွန် ၂၀ ရာခိုင်နှုန်းနှင့် သိန်းတစ်ထောင် နှင့် အထက်ကို ကြိုတင်ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ် ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာနက သတ်မှတ်ထားသည်။7day

No comments: