Sunday, August 7, 2016

နယ်မြေရှင်းလင်း ဆောင်ရွက်မှုများကြောင့် ရှဒူဇွပ် ဒေသအတွင်း တရားမ၀င် တူးဖော်လျက်ရှိသည့် ရွှေဖောင်များမှ ထွက်ပြေးတိမ်းရှောင် လာသည့် တဖက်နိုင်ငံသားများ ဖမ်းဆီးရမိ .


နေပြည်တော် ၊ ၇-၈-၂၀၁၆
.
ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ ရှဒူဇွပ် နယ်မြေအတွင်း တပ်မတော် စစ်ကြောင်းများ က ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၂ ရက်အထိ နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် တရားမဝင် တူးဖော်လျက် ရှိသည့် ရွှေဖောင်များ၊ ရွှေတူးဖော်
ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရား များနှင့် တစ်ဖက် နိုင်ငံသား များအား ဖမ်းဆီးရမိ ခဲ့သည်။
.
အဆိုပါ တရားမဝင် တူးဖော်လျက် ရှိသည့် ရွှေဖောင်များမှ တစ်ဖက်နိုင်ငံသား များသည် ရှဒူဇွပ် မှ နမ္မတီး ဘက်သို့ ထွက်ပြေး တိမ်းရှောင် လာကြောင်း သတင်းများအရ နယ်မြေခံ တပ်မတော် စစ်ကြောင်းက လေးမိုင်-
မိုးကောင်း- နမ္မတီး လမ်းပေါ်တွင် လှည့်ကင်းများ ဆောင်ရွက်၍ ဖြတ်သန်း သွားလာလျက် ရှိသည့် မော်တော်ယာဉ် များအား ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
.
ထိုသို့ ဆောင်ရွက်စဉ် သြဂုတ် ၅ ရက် ည ၁ဝ နာရီ ၁ဝ မိနစ်ခန့်တွင် မရမ်ကထောင် မှ လေးမိုင် ဘက်သို့ ဦးတည်၍ ယာဉ်မောင်း ဦးကျော်ဦးနှင့် ဦးမောင်ဇော် တို့နှစ်ဦး မောင်းနှင်လာသည့် အေဒီဗင် အမျိုးအစား အဖြူ
ရောင်ယာဉ် ၂ စီးအား လေးမိုင်ကျေးရွာ ရှိ ဘုန်းတော်ကြီး ကျောင်းရှေ့၌ ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် စီးနင်း လိုက်ပါလာသည့် တစ်ဖက်နိုင်ငံသား လီယွန်၊ ဇန်ဆော်ဒေါင်၊ တန်ယုလင်၊ ချန်ဒုံလောင်၊ ဇန်ဆုံချောင်၊
ဝူယုလောင်၊ ကျိန်ချင်ချင်း နှင့် လင်လိစိန် တို့ စုစုပေါင်း ရှစ်ဦးအား ငွေကျပ်သိန်း ၂ဝဝ ကျော်၊ တရုတ်ယွမ်ငွေ ၇၅ဝဝ ကျော်၊ တက်ဘလက် တစ်လုံး၊ မိုဘိုင်းလ်ဖုန်း ရှစ်လုံး နှင့် တစ်ဖက်နိုင်ငံ အေတီအမ်ကတ် ၁ဝ ခု တို့နှင့်အတူ
ဖမ်းဆီးရမိ ခဲ့သည်။
.
ဖမ်းဆီးရမိ တစ်ဖက် နိုင်ငံသား ရှစ်ဦး၊ ယာဉ်မောင်းနှစ်ဦး၊ မော်တော်ယာဉ် နှစ်စီး၊ ငွေနှင့် ပစ္စည်းများအား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရေး မိုးကောင်းမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီး ဖြစ်ကြောင်း
သတင်း ရရှိသည်။ (၁၀၀)
.
မြ၀တီနေ့စဉ် ၊ စာ(၁၅)
.
#Themyawadydaily
.
ဖမ်းဆီးရမိသော တစ်ဖက်နိုင်ငံသား ၈ ဦးနှင့် မော်တော်ယာဉ် ၂ စီးကို တွေ့ရစဉ်
.

No comments: