မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, May 16, 2016
တောင်ကြီးမြို့နယ်၌ PNO သိမ်းထားသည့် တောင်ယာတွင် ၀င်ရောက်လုပ်ကိုင်သည်ဟု ဆိုကာ ဖက်ကွန်ကျေးရွာသား နှစ်ဦးအား ဖမ်းဆီးစစ်ဆေး ------- -------
တောင်ကြီးမြို့နယ်၌ PNO သိမ်းထားသည့် တောင်ယာတွင် ၀င်ရောက်လုပ်ကိုင်သည်ဟု ဆိုကာ ဖက်ကွန်ကျေးရွာသား နှစ်ဦးအား ဖမ်းဆီးစစ်ဆေး
------- ------- --------
တောင်ကြီးမြို့နယ် ဖက်ကွန်ကျေးရွာမှ ဒေသခံရွာသား နှစ်ဦးအား PNO သိမ်းထားသည့် တောင်ယာမြေထဲတွင် ၀င်ရောက် လုပ်ကိုင်သည်ဟုဆိုကာ PNA မှ နှစ်ဦးနှင့် အမှတ်၂ ရဲစခန်းမှ ရဲနှစ်ဦးတို့က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
“နေ့လယ် ၁၂ လောက်က။ သူတို့က ဖြစ်နေတာတော့ကြာပြီ။ ၂၀၁၂ - ၁၃ လောက်ကတည်းက ဖြစ်နေတာ။ တစ်ခါလည်း ဒီရွာသားတွေကို PNO က တရားစွဲသေးတယ်။ PNO အနေနဲ့မဟုတ်ဘဲ သူတို့ရောင်းထားတဲ့ မြေရှင်တွေအနေနဲ့ တရားစွဲခဲ့တယ်။ နောက်ပြီးတော့မှ ဒီမြေယာအမှုတွေ တအားကြီး များလာတဲ့အခါကျတော့ အမှုပြန်ရုပ်သိမ်းသွားတယ်။ ပြီးတော့မှ ဘာမှမဖြစ်တော့ဘူး။ ဒီနေ့ကျမှ မမျှော်လင့်ဘဲဖြစ်တာ အဲ့ဒီတောင်သူနှစ်ဦးက သူတို့မြေထဲမှာ သူတို့ တောက်လျောက် စိုက်လာတာ ဘယ်သူမှလည်း မရှိဘူး။ ဒါပေမဲ့ အဲ့ဒါသိမ်းထားတဲ့ ဧရိယာထဲမှာ ပါတယ် ဆိုတဲ့သဘောမျိုးပေါ့” ဟု တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးက The Ladies သို့ ပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် တောင်သူနှစ်ဦးမှာ ဦးထွန်းကြည်နှင့် ဦးခေတ် တို့ဖြစ်ကြောင်း သိရပြီး မည်သည့်ပုဒ်မဖြင့် အမှုဖွင့်မည်ကို မသိရှိရသေးကြောင်း လတ်တလော အခြေအနေအရ ရဲစခန်းတွင် စစ်ဆေးလျက်သာ ရှိသေးကြောင်း ၎င်းကဆိုသည်။
“သူတို့ အမှုဖွင့်မယ်ဆိုလည်း ခါတိုင်းမြေယာအမှု နဲ့ပဲဖွင့်မှာ ဆိုတော့ သူတို့ကိုတော့ အာမခံဖို့ ၂ ယောက်စီရှာပြီး လိုက်သွားခိုင်းတယ်။ ဘာအမှုနဲ့တရားစွဲတယ်ဆိုတာ အကြောင်းပြန်ပေးဖို့ ပြောထားတယ်။ ကျွန်တော်တို့ဆီတော့ အခုပြန်မရောက်လာသေးဘူး” ဟု ဦးတင်မောင်တိုးက ဆက်လက် ပြောကြားခဲ့သည်။
ဇော်မင်းထွန်း
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment