မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, May 3, 2016
ဦးနေမျိုးဝေကို ဆက်သွယ်ရေး ဥပဒေဖြင့် အမှုဖွင့်
ဦးနေမျိုးဝေကို ဆက်သွယ်ရေး ဥပဒေဖြင့် အမှုဖွင့်
Tuesday, May 3, 2016
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်ရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ယနေ့ (မေ ၃ ရက်) က အမှုဖွင့်လိုက်ကြောင်း The Voice သတင်းထောက်က သတင်းပေးပို့သည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်ရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD ပါတီအပေါ် ညစ်ညမ်းပုံနှင့် ဆဲဆိုစာသားများကို ဧပြီ ၂၅ ရက်မှ ၃၀ ရက်အတွင်း ရေးသားဖော်ပြခဲ့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝေယံအောင်က ယနေ့ (မေ ၃ ရက်) နံနက် ၁ နာရီခန့်က ကန်ကြီးထောင့် မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်းတန်းခြင်း ဖြစ်သည်။
ယင်းအမှုနှင့် ပတ်သက်ပြီး တရားလို ဦးဝေယံအောင်ကို ယနေ့ စတင်စစ်ဆေးလျက် ရှိကြောင်း The Voice သတင်းထောက်က သတင်းပေးပို့သည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment