သင်ကြားမှု အထောက်အကူပြုပစ္စည်း (KG Kit) တွေကို ဖြန့်ဝေပေးထားပြီးပြီလို့ သိရပါတယ်။
လာမယ့်ပညာသင်နှစ်မှာ စတင်ကျင့်သုံးမယ့် သူငယ်တန်း (KG) သင်ရိုးညွှန်းတမ်းအသစ်ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ကို ရွေ့ဆိုင်းမယ် ဆိုတဲ့သတင်းက မဟုတ်မှန်ဘူးလို့ အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတွေက ငြင်းဆိုလိုက်ပါတယ်။
အခြေခံပညာကျောင်းတွေမှာ သူငယ်တန်းကျောင်းသားတွေအတွက် စာသင်ခန်းတွေ တိုးချဲ့တည်ဆောက်ဖို့ ရန်ပုံငွေမရှိတာက ဒီအစီအစဉ် ကို အဓိကစိန်ခေါ်မှုဖြစ်နေတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောခဲ့ပြီးနောက်ပိုင်းမှာ မေလ ၁၆ ရက်နေ့က နိုင်ငံပိုင် အင်္ဂလိပ်သတင်းစာမှာ သင်ရိုးအသစ်နဲ့သင်တာရွေ့ဆိုင်းမယ်လို့ သတင်းဖော်ပြခဲ့တာပါ။
‘‘KG ကို လာမယ့်ပညာသင်နှစ်ကို ရွှေ့ပြောင်းပြီးတော့ သင်မယ်ဆိုတာ မဟုတ်ပါဘူး။ ဒီနှစ် ပညာသင်နှစ်မှာ စသင်ကြားမှာပါ’’ လို့ အခြေခံပညာဦးစီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနက ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ သူငယ်တန်း သင်ရိုးညွှန်းတမ်းအသစ် (KG) ကို စပြီးသင်ကြားဖို့ မူလတန်းပြ ဆရာ၊ ဆရာမတွေကို KG သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်ကြားမှု အထောက်အကူပြုပစ္စည်း (KG Kit) တွေကို ဖြန့်ဝေပေးထားပြီးပြီလို့ သိရပါတယ်။
‘‘KG အတွက် သင်ထောက်ကူပစ္စည်းတွေတောင် သွားထုတ် ပြီးပြီဆိုတော့ ဒီနှစ်စမယ်ထင်တယ်’’လို့ သာကေတမြို့နယ်က မူလတန်းပြ ဆရာမတစ်ဦးက ပြောပါတယ်။
Source : 7DayDaily
No comments:
Post a Comment