Tuesday, May 17, 2016

လေဖိအားနည်းရပ်ဝန်း

       အိန္ဒိယကမ်းခြေဘက်ကို ရွေ့လျားနေတာကြောင့် မုန်တိုင်းဖြစ်ဖို့ မသေချာတော့ပါဘူး။

play

ဘင်္ဂလားပင်လယ်အော်မှာ ဆက်တိုက် ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အိန္ဒိယကမ်းခြေဘက်ကို ရွေ့လျားနေတာကြောင့် မုန်တိုင်းဖြစ်ဖို့ မသေချာတော့ဘူးလို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အရင်တုန်းကတော့ မုန်တိုင်းငယ်အဆင့်နဲ့ ရခိုက်ပြည်နယ်မြောက်ပိုင်းကို ၀င်ရောင်နိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပေမယ့် မေလ ၁၆ ရက်မှာတော့ သိသိသာသာ အားကောင်းလာတာမရှိဘဲ အိန္ဒိယနိုင်ငံ Tamil Nadu ကမ်းခြေဘက်ကို တစ်နာရီကို ၃၁ မိုင်နှုန်းနဲ့ ရွေ့လျားနေတယ်လို့ ဆိုပါတယ်။
play

‘‘လေဖိအားနည်းရပ်ဝန်း 91b နဲ့ပတ်သက်တဲ့ အနာဂတ်ဖြစ်လာနိုင်တဲ့ ကိစ္စကတော့ အရောရောအထွေးထွေး ဖြစ်နေပါတယ်။ ပြောနိုင်တာ တစ်ခုကတော့ ဒီလေဖိအားနည်းရပ်ဝန်း (သို့မဟုတ်) မုန်တိုင်းငယ်ဟာအိန္ဒိယရဲ့ အရှေ့ဘက်ကမ်းခြေ တစ်လျှောက် ရွေ့သွားရင်းနဲ့ မိုးသည်းထန်စွာရွာပါလိမ့်မယ်"လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။
play

ဒီလေဖိအားနည်းရပ်ဝန်းက ရေပြင်ထဲကို ဆင်းသွားရင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားကောင်းလာမှာဖြစ်ပြီး ကုန်းတွင်းပိုင်းကို ရောက်ခဲ့ရင်တော့ လေစိုင်ဝဲတွေအဖြစ်ပြိုကွဲသွားပြီး လေစိုင်ဝဲတစ်ခုက မြန်မာနိုင်ငံ ရခိုင်ကမ်းခြေဘက်ကို ရွေ့လာနိုင်တယ်လို့ သိရပါတယ်။
လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း ဒေသတွေကို မုတ်သုံလေ၀င်ရောက်နိုင်ပြီး လေပြင်းနဲ့ လှိုင်းဒဏ်တွေကို သတိထားဖို့လိုတယ်လို့ ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။
Source : 7DayDaily

No comments: