သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေ ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသို့ အိတ်ဖွင့်ပေးစာ ...
ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း ခင်ဗျား ....
ကျနော်တို့ပြည်သူတွေက တင်မြှောက်လိုက်တဲ့ ရက်သား အစိုးရသစ်လက်ထက် နိုင်ငံတော်အဆင့် ဝန်ကြီးတစ်ဦး ဖားကန့်ဒေသကို ရောက်ရှိလာလို့ ကျနော် ကျေးဇူးတင်ပါတယ် ။တစ်ဆက်တည်းမှာပဲ ဖားကန့်ဒေသခံ ပြည်သူတွေဟာ ယခင်အစိုးလက်ထက်က ကြံ့ဝန်ကြီးနဲ့ ယခုအစိုးသစ်လက်ထက် ဒေါင်းဝန်ကြီးတွေ ရဲ့ လုပ်ဆောင်ချက် ၊အရည်အချင်း ၊ပြည်သူအပေါ်မှာ စေတနာထားမှု ၊ဒေသအခြေအနေကို ဓမ္မဓိဌာန်ကျကျ သုံးသပ်နိုင်မှု ၊ ဝန်ကြီးများ၏ ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းများအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်မှု စသည် စသည်များကို လေ့လာစောင့်ကြည့်နေပါတယ် ။ဦးသိန်းစိန် အစိုးရလက်ထက်က သတ္တုတွင်း ဝန်ကြီးကတော့ သိတော်မူကြတဲ့အတိုင်းပါပဲ ။ အဲဒီဝန်ကြီးအကြောင်းကိုတော့ ရေးပြမနေတော့ပါဘူး ။သူ့ကိုယ်စားရှက်မိလို့ပါ ။ အထက်က ဖော်ပြခဲ့တဲ့ အရည်အချင်းတွေ ဦးသိန်းစိန် လက်ထက်က ဝန်ကြီးဆိုသူတွေဆီမှာ တစ်ခုမှ မတွေ့ရပါဘူး ။ ဦသိန်းစိန် လက်ထက်က ဝန်ကြီးတွေသာ ဆရာဝန်တွေ ဖြစ်ခဲ့ရင် မြန်မာပြည် လူဦးရေ တော်တော်လျော့သွားနိုင်ပါတယ် ။ဘာကြောင့်လဲဆိုတော့ ဖားကန့်ကျောက်စိမ်းတွင်းဒေသက ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ အတော်ကလေး အနာတခြား ဆေးတခြားနိုင်လှပါတယ် ။ သူတို့ရဲ့ အရည်အချင်းတွေဟာ ကျနော်တို့ မျှော်မှန်းထားတာထက်ကို ညံ့နေတာတွေ့ရတော့ တော်တော် အော့နှလုံးနာမိပါတယ် ။ နွားကျောင်းသားက ကားတက်မောင်းခိုင်းလို့ ကားမှောက်တာမဆန်းပေမဲ့ ပြည်သူတွေ နစ်နာလှပါတယ် ။ ဒါကြောင့်လည်း ပြည်သူတွေဟာ NLD ကို သတ္တိရှိရှိမဲပေးပြီး လက်သန်းကို မှင်ဆွှတ်ခဲ့ကြတာပါ ။
ကျနော်တို့ ဖားကန့်ကျောက်စိမ်းတွင်းဒေသ အရေးဟာ နှေးကွေးလို့ မရဘူးဆိုတာကို ပထမ အနေနဲ့ အကြံ့ပြုချင်ပါတယ် ။ ဒီနေရာမှာ ကြားဖြတ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကို မေးခွန့်အချို့မေးချင်းပါတယ်ခင်ဗျာ ။ဝန်ကြီးက ဖားကန့်ဒေသ နဲ့ မိုးညှင်းဒေသမှာ ရှိတဲ့ ကျောက်စိမ်းလုပ်ငန်များနှင့် ရွှေလုပ်ငန်းများကို စစ်ဆေးမယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ် ။
၁ ။ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုကို စစ်မှာလား ?
၂ ။ကျောက်စိမ်းတွင်း ၊ရွှေတွင်းများ ဥပဒေနဲ့အညီ တူး / မတူး စစ်မှာလား ?
၃ ။ ယဉ်ယန္တရားများ အလွန်အကျွံ အသုံးပြုလုပ်ကိုင်နေမှုကို စစ်မှာလား ?
၃ ။ဘယ်လိုတွေ အရေးယူမှာလဲ ?
၎ ။ကျောက်မျက်ဥပဒေနဲ့ ပတ်သက်လို့ NLD အစိုးရ အနေနဲ့ ဘယ်လောက်ထိ ပြင်ဆင်ဘို့ရှိသလဲ ?
ဆန္ဒစောလွန်းနေတဲ့ ဖားကန့်ဒေသခံတွေကတော့ ဖားကန့်ကျောက်စိမ်းများ အလွန်အကျွှံတူးဖော်နေမှုကို NLD အစိုး ရ ကိုင်တွယ်ဖြေရှင်းနိုင်ပုံ မပေါ်ဘူးလို့ အထင်ရောက်နေကြပါတယ် ။ အခုလည်း ဝန်ကြီးဖားကန့်ကိုလာတယ် ။ ကုမ္မဏီက ကားတွေ လျှော့သုံးတယ် ။ တွေ့သင့်တွေ့ထိုက်တဲ့ အဖွဲ့အစည်း ၊လုပ်ငန်းရှင်တွေနဲ့ တွေ့တယ် ။ပြန်သွားတယ် ။အရင် ဝန်ကြီးဟောင်းတွေ လုပ်တဲ့ ပုံစံနဲ့တော့ သိပ်မကွာလှပါဘူး ။ ဝန်ကြီးနေပြည်တော်ရောက်ပြီး ထွက်ပေါ်လာမဲ့ အခြေအနေကိုတော့ စောင့်ကြည့်ရအုံးမှာပေါ့ ။
ဝန်ကြီးအနေနဲ့ ဖားကန့်မှာနေတဲ့ ဒေသခံပြည်သူတွေရဲ့ အသံကို မဖြစ်မနေ တွေ့ဆုံပြီး နားထောင်သင့်တယ်လို့ အကြံပြုလိုပါတယ် ။ အရင်အစိုးရလက်ထက်က ဝန်ကြီးတွေလို့ ပေးတာယူ ၊ကြွေးတာစားပြီး ဝတ္တရားကျေ လုပ်ပြီး ပြန်သွားရင်တော့ ပြည်သူ့မေတ္တာရဘို့ မမျှော်လင့်ပါနဲ့ ခင်ဗျာ ။
နောက်ဆုံးအနေနဲ့ မေတ္တာရပ်ခံချင်တာက ဝန်ကြီးရဲ့ ဖားကန့်၊မိုးညှင်းခရီးစဉ်နဲ့ ပတ်သက်ပြီး နေပြည်တော်ရောက်ရင် အများပြည်သူများသိရှိအောင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်လုပ်ပြီး ပြည်သူကို ပွင့်လင်းမြင်သာစွာ အသိပေးစေလိုကြောင်း ပန်ကြားလိုပါတယ် ။
ဇော်မိုးထက်
No comments:
Post a Comment