Friday, May 6, 2016

ဘင်္ဂါလီ (ဒေသအခေါ်) များ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်ခွင့်ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ရေးအဆို လွှတ်တော်သို့တင်သွင်းမည်

ဘင်္ဂါလီ (ဒေသအခေါ်) များ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်ခွင့်ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ရေးအဆို လွှတ်တော်သို့တင်သွင်းမည် -------------------------- ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့်အညီ ဘင်္ဂါလီများအားနိုင်ငံသားဖြစ်ခွင့် ညီညွတ်ပါက စိစစ်ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းသည့် အဆိုတစ်ရပ် တင်သွင်းမည် ဖြစ်ကြောင်း ANP ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက The Ladies ကိုပြောသည်။ ''နိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့ ညီညွတ်တဲ့သူတွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးတာကို အန်တီတို့ က လက်ခံမှာပါ'' ဟု ၄င်းက ပြောသည်။ ဘင်္ဂါလီများအနေဖြင့် သွားရေးလာရေးမှအစ ပုန်းလျှိုးကွယ်လျှိုးသွားလာနေရခြင်း ထက် နိုင်ငံသားဖြစ်ခွင့် စိစစ်လိုက်ပါက မြန်မာနိုင်ငံ၏ ပြဌာန်းဥပဒေများ အတိုင်း နေထိုင် သွားနိုင်ကြောင်းလည်း ၄င်းက ဆိုသည်။ '' အန်တီတို့ကတော့ လူကို လူလို့ပဲမြင်တယ် ဘယ်ဘာသာပဲ ကိုးကွယ်ပါစေ ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံက ဥပဒေအတိုင်း လိုက်နာရမယ်'' ဟု လည်း ၄င်းကဖြည့်စွက်ပြောသည်။ စင်္ကာပူနိုင်ငံတွင်လည်း ယခင်ကတည်းက ဘင်္ဂါလီများ ရှိခဲ့သည့် စစ်တမ်းများအတိုင်း ယခုလည်း တည်ရှိနေထိုင်ကြောင်း ၄င်းက ဥပမာ ပေးဖြေကြားခဲ့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ဘင်္ဂါလီများ အား လူမှောင်ခိုကူး သကဲ့သို့ မြန်မာနိုင်ငံ အတွင်း နေရာဒေသ အသီးသီး ပို့ဆောင်မှုကို ငွေ ကြေးအမြောက် အများရယူဆောင်ရွက် ခဲ့သည် ဖြစ်စဉ်များရှိခဲ့သော်လည်း အရေးယူဆောင်ရွက်မှု မရှိသလောက် အားနည်းခဲ့သည်။ ကိုပေါက် The Ladies News

No comments: