Tuesday, May 17, 2016

ရဲတပ်ဖွဲ့ဝင်များ တရားခံဖမ်းရာတွင် ခံမလာရစေရန် ပြည်ထဲရေးဝန်ကြီး ပြောကြား "

"ရဲတပ်ဖွဲ့ဝင်များ တရားခံဖမ်းရာတွင် ခံမလာရစေရန် ပြည်ထဲရေးဝန်ကြီး ပြောကြား " မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် တရားခံအားသွားရောက်ဖမ်းဆီးရာတွင် ခံမလာရစေရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားခဲ့သည်။ ယနေ့ (မေ ၁၇ရက်) ကပြည်မြို့၊ခေတ္တရာခန်းမတွင် ပြုလုပ်သော ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ̒ရဲတပ်ဖွဲ့ဝင်တွဟာ လုံခြုံရေးနဲ့ ပတ်သတ်ပြီး ဆောင်ရွက်ရသူများဖြစ်တယ်၊တရားခံဖမ်းသွားတဲ့အခါ တစ်ယောက်ထဲမသွားပါနဲ့၊နှစ်ယောက်သုံးယောက်သွားပါ၊တရားခံဖမ်းသွားတဲ့အခါ တရားခံက ရိုက်လို့ရဲခံလာရတယ်ဆိုရင် သတင်းကိုလာမပို့နဲ့၊ရဲချုပ်ကိုလဲမှာထားတယ်၊ တရားခံဖမ်းသွားတာကို ရဲကခံလာခဲ့ရတယ်ဆိုတာကို ကြားကိုမကြားချင်ဘူး၊ ကိုယ့်မှာခုခံပိုင်ခွင့်ရှိတယ်၊ ပြတ်ပြတ်သားသားလုပ်ရဲရမယ် တရားခံကို တရားခံလိုပဲ ဆက်ဆံပါ၊ ကိုယ်ကလက်ဦးမှုယူပါ̓ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားခဲ့သည်။ တရားခံဖမ်းဆီးရန်သွားသည့် ရဲတပ်ဖွဲ့ဝင်များအား ထိခိုက်ဒဏ်ရာရသည်အထိ ပြန်လည် တိုက်ခိုက်မှုများရှိနေကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မတော်မတရားလုပ်သည့် ပြသနာရှာသူများအား နှိမ်နှင်းနိုင်သူမျာ ဖြစ်ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ အားကိုးယုံကြည်မှုရှိသော ရဲတပ်ဖွဲ့ဖြစ်ရန်နှင့် တရားဥပဒေစိုးမိုးနိုင်ရေး ကိုယ်ကျင့်တရားကောင်းမွန်သူများ ဖြစ်ရန်လိုကြောင်း၊ တာဝန် အရ မှန်မှန်ကန်ကန်ဆောင်ရွက်ပါက ရဲတပ်ဖွဲ့ဝင်များဘက်မှ အပြည့်အ၀တာဝန်ယူကြောင်း ပြည်ထဲရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။ ဓာတ်ပုံ-ဇော်မင်းထိုက်

No comments: