ကမ္ဘာ့ဘဏ် ချေးငွေဖြင့် ထရန်စဖော်မာ အလုံး ၅,၀၀၀ ကျော် ၀ယ်ယူမည်
================================
၂၁..၅..၁၆
-
လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနက ၂ နှစ်အတွင်း မီးရရှိရေးဆောင်ရွက်မည့် ကျေး ရွာများအတွက် ထရန်စဖော်မာအ လုံးရေ ၅,၀၀၀ ကျော်ကို ကမ္ဘာ့ ဘဏ် ချေးငွေဖြင့် ၀ယ်ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အ မျိုးသားဓာတ်အားရရှိရေး စီမံ ချက်ကို အကောင်
အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ပေါင်း ၅,၀၈၀ အား ၂နှစ်
အတွင်း မီးရရှိရန် ပထမ ငါးနှစ်စီမံကိန်းအ ဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
-
ထရန်စဖော်မာအလုံးပေါင်း ၅,၀၀၀ ကျော် လိုအပ်မည်ဖြစ်၍ မြန်မာနိုင်ငံ
လုပ်ငန်းရှင်များအနေ ဖြင့် နိုင်ငံတကာ စည်းမျဉ်းများနှင့်အညီ တင်ဒါ
ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဆောင်ရွက်နေကြောင်းအမျိုးသားလျှပ်စစ်
ဓာတ်အား ရရှိရေးစီမံကိန်းမန်နေဂျာ၊ ဒုတိယအင်ဂျင်နီယာချုပ် ဦးသူရအောင်ဘိုက မေလ ၁၉ ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
၌ ပြုလုပ်သော အခမ်းအနားပွဲ၌ ပြောကြားခဲ့သည်။
-
‘‘တင်ဒါကတော့ လက်ရှိ ပြည်တွင်းက လုပ်ငန်းရှင်တွေ လည်း ယှဉ်ပြိုင်
လို့ရအောင်နဲ့အင်တာနေရှင်နယ်ဖြစ်အောင် လုပ်နေတယ်။ စာရွက်စာတမ်းတွေညှိတုန်းပဲဆိုတော့ အမြန်ဆုံးတော့ ထွက်လို့ရအောင်
လုပ်နေပြီ။ အချိန်တော့အတိအကျပြောလို့ မရဘူး’’ဟု ဦးသူရအောင်ဘိုက ပြောသည်။
-
၂၀၁၅ အောက်တိုဘာတွင် ရယူခဲ့သော ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ အနက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်းအတွက် သန်း ၃၁၀ ကို အသုံးပြုမည် ဖြစ်ပြီး ကျန်သန်း ၉၀ သည် ကျေး လက်ဖွံ့ဖြိုးရေးဦးစီးဌာနက ချေး ယူခဲ့ခြင်းသာဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
-
အမျိုးသား လျှပ်စစ်ဓာတ် အားရရှိရေး ဆောင်ရွက်မည့် ပထမငါးနှစ် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၆၇၀ ခန့် ကုန်ကျမည်ဟု တွက်ချက် ထားပြီး အိမ်ထောင်စု ၁ ဒသမ ၇ သန်းကို မီးပေးနိုင်ရန် ရည်ရွယ် ထားသည်။
-
‘‘ပထမ ငါးနှစ်စီမံကိန်းထဲက မှ ဓာတ်အားလိုင်းနဲ့ နှစ်မိုင်အ တွင်းက ကျေးရွာ ၅,၀၈၀ ကို ၂ နှစ်အတွင်းမှာ မီးအရင်ရမယ်။ ကျန်တာတွေကတော့ ဆက်ပြီး တော့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဓာတ်အားစနစ်ရှိတဲ့ ပြည်နယ်နဲ့ တိုင်းအကုန်မီးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နည်းပညာအရ ဓာတ်အား
လိုင်းနဲ့ နှစ်မိုင်အတွင်း ရှိတဲ့ ကျေးရွာတွေကိုပဲ အရင် ဆောင်ရွက်ရတာ
ဖြစ်ပါတယ်’’ဟု ဦးသူရအောင်ဘိုက ဆိုသည်။
-
မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ် ၏ ချေးငွေဖြင့် အမျိုးသားလျှပ် စစ်ဓာတ်အားရရှိရေးစီမံချက်ကို ဆောင်ရွက်လျက်ရှိရာ ၎င်းတို့၏ တွက်ချက်မှုများအရ လာမည့် ၂၀၃၀ တွင် ၉၉ ရာခိုင်နှုန်းမီးရရှိ ရန် ဆောင်ရွက်မည်ဖြစ်ပြီး တစ် နိုင်ငံလုံးတွင် မီးရရှိရေး အမေရိ ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ခန့် လိုအပ်မည်ဖြစ်ကြောင်း လျှပ် စစ်နှင့်စွမ်းအင်
ဝန်ကြီးဌာနက ခန့် မှန်းထားသည်။
-
မြန်မာ တစ်နိုင်ငံလုံးတွင် အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၉ သန်းခန့်ရှိပြီး ၂၀၁၆ မတ်လ စာရင်းများအရ အိမ်ထောင်စု ပေါင်း ၃ ဒသမ ၆၉ သန်းသာ မီးရရှိနေသေးကြောင်း ဦးသူရ အောင်ဘိုက ပြောသည်။
============
7Day News Journal
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, May 21, 2016
ကမ္ဘာ့ဘဏ် ချေးငွေဖြင့် ထရန်စဖော်မာ အလုံး ၅,၀၀၀ ကျော် ၀ယ်ယူမည် =======================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment