Sunday, March 13, 2016

ပွဲမတိုင်မီ လိင်ဆက်ဆံခြင်းက ရွန်ဒါရဲ့ နိုင်ပွဲ လျှို့ဝှက်ချက်လေလား

ရွန်ဒါက လက်ဝှေ့ပွဲစဉ်မတိုင်မီ လိင်ဆက်ဆံမှု များနိုင်သလောက်များများ ပြုလုပ်လေ့ရှိကြောင်း ဖွင့်ဟပါတယ်။


ဂန္တဝင်လက်ဝှေ့ကျော် မိုဟာမက် အလီက လက်ဝှေ့ထိုးသတ် ယှဉ်ပြိုင်ခြင်း မပြုမီမှာ ၆ ပတ်အကြာ လိင်ဆက်ဆံခြင်းကို ရှောင်ရှား နေထိုင်လေ့ရှိကြောင်း တစ်ချိန်က ဖွင့်ဟခဲ့ဖူးပါတယ်။


ဒါပေမဲ့ UFC ဖိုက်တာအဖြစ်သာမက Sexy မော်ဒယ်အဖြစ်ပါ နာမည်ကြီးလှတဲ့ ရွန်ဒါရူဆေးကတော့ ဒီလို မဟုတ်ပါဘူး။ သူမက လက်ဝှေ့ပွဲစဉ်မတိုင်မီ လိင်ဆက်ဆံမှု များနိုင်သလောက်များများ ပြုလုပ်လေ့ရှိကြောင်း ဖွင့်ဟပြောခဲ့ပါတယ်။


အမျိုးသမီးတွေဟာ လိင်ဆက်ဆံပြီးတဲ့အခါ တက်စ်တိုစတီရုန်း (testosterone) ဟော်မုန်းဓာတ် မြင့်တက်လာတာကြောင့် သူမအနေနဲ့ လက်ဝှေ့ပွဲစဉ်မတိုင်မီ လိင်ဆက်ဆံမှု ဖြစ်နိုင်သလောက် များများပြုလုပ်လေ့ရှိကြောင်း ရွန်ဒါက ဆိုပါတယ်။


ခန္ဓာကိုယ်တွင်း တက်စ်တိုစတီရုန်း ဟော်မုန်းမြင့်တက်မှုက လက်ဝှေ့ထိုးခြင်းအပေါ် မည်သို့ သက်ရောက်မှုရှိကြောင်း တိကျသေချာတဲ့ သုတေသနတွေ မရှိပေမယ့် ရွန်ဒါကတော့ အမျိုးသမီး UFC ဖိုက်တာတစ်ဦးအဖြစ် အောင်မြင်နေတာ အမှန်ပါပဲ။


လက်ဝှေ့ အပါအဝင် အားကစားသမားတွေဟာ ပြိုင်ပွဲတစ်ခုမတိုင်မီ လိင်ဆက်ဆံခြင်း ပြုသင့် မပြုသင့်ပေါ် အငြင်းပွားမှုတွေ အများအပြား ရှိနေပါတယ်။


No comments: