Tuesday, March 1, 2016

အန္တရာယ်ရှိသော ခွေးရူးပြန်ရောဂါ

အန္တရာယ်ရှိသော ခွေးရူးပြန်ရောဂါ ခွေးရူးပြန်ရောဂါသည် virus ပိုး Rabies virus , Lyssavirus genus of the Rhabdoviridae family ကြောင့်ဖြစ်သည်။ အလွန်ကြောက်စရာကောင်းသော ရောဂါ ဖြစ်သည်။ ခွေးရူးရောဂါပိုးသည် ခွေး၏သွားရည်မှတဆင့် လူ၏ကိုယ်ထဲသို. ၀င်သွား ပြီး၊ ဥိးနှောက်နှင့် အာရုံ ကြောထဲ ရောက်သွား ပြီး အသက်ဆုံးရှုံးနိုင်သည်။ ခွေးကိုက်ခံရ ခြင်း အပြင်၊ ခွေး ကလျှာ ဖြင့် ရက် ခြင်း၊ လူ၏အရေပြား အပွန်းအပဲ့သို . ခွေးသွားရည် ထိခြင်းတို.ကြောင့်လည်း ကူးစက်နိုင်သည်။ ခွေးရူးပြန်ရောဂါ လက္ခဏာများ အကိုက်ခံရပြီး ၉ ရက် မှ လ အတော်ကြာထိ ရောဂါ မပြဘဲ ရှိနိုင် သည်။ အကိုက်ခံရ သော အ နာ ကြီး ခြင်း၊ များခြင်း၊ ဦးခေါင်း နှင့် လည် ပင်း တ ၀ိုက်တွင် ကိုက်ခံရ ပါ ကေ၇ာဂါ လက္ခဏာ မြန်မြန် ပြတတ်သည်။ ခွေး ရူးပြန်ရောဂါ စ ဖြစ်လာပါ က ၊ ဖျားခြင်း၊ ခွေးကိုက်ခံရသော နေရာတ၀ိုက်တွင် နာ ပြီး ထုံကျင်ခြင်း ၊ စတင်ခံစားရမည်။ ထို.နောက် စိတ်လှုပ်ရှား ဂဏာ မငြိမ် ဖြစ် လာမည်။ ထင်ရှားသော လက္ခဏာမှာ ရေဆာသော်လည်း ရေလုံးဝ မသောက်နိုင်ဘဲ ရေကိုအလွန်ကြောက်နေခြင်းဖြစ်သည်။ စိတ် ဂရောက်ကယက်ဖြစ်ခြင်း၊ တကယ်မရှိသော အရာများ ကို မြင်ယောင်လာခြင်း ၊ အရူး လိုအော်ဟစ်နေခြင်း၊ ပုံမှန် လူစိတ်မရှိတော့ခြင်း ၊ သတိမရှိတော့ခြင်း။ အသိစိတ် ၀င်လိုက်ပြောက်လိုက် ဖြစ်ခြင်း၊ စသောဝေဒနာ များခံစားရပြီး ၊ ၁ ပတ် - ၁၀ ရက်အကြာ တွင် သေဆုံးရပေမည်။ ခွေး ရူးပြန်ရောဂါ စဖြစ်လျှင် ကုသဆေး မရှိပါ။ ခွေး ရူးပြန်ရောဂါ စဖြစ်ပါက အသက်မသေသောလူ အလွန် ရှားပါးပါသည်။ ခွေးရူးပြန်ရောဂါ ကာကွယ်ခြင်း ( ၁) ခွေး ကိုက်မခံရခင် ကာကွယ်ခြင်း ခွေးကိုက်မခံရအောင်နေခြင်း၊ ခွေးကို လက်ပွန်းတတီး မနေခြင်း ၊ အိမ်မွေးခွေးကို ကာကွယ်ဆေး ထိုးထား ခြင်း ၊ မိမိတွင်ခွေး ကိုက်ခံရ နိုင်သော အခြေနေရှိပါက ကြို တင် ကာကွယ်ဆေးထိုးထာခြင်း ( အရေပြားအောက် သို.မဟုတ် အသားဆေး ၄ ပတ်ခြား ၂ ကြိမ် ) (၂) ခွေးကိုက်ခံရပြီး မှ ခွေးရူးပြန်ရောဂါ မဖြစ်ရန် ကာကွယ်ခြင်း ဆရာဝန် အမြန်ပြရန် လိုသည်။ ဆရာဝန် မှ အနာကို လိုအပ် သလိုဆေးကြော ပေးမည်။ antirabies antiserum ဖြင့် လူအလေးချိန် ပေါ် မူတည် ပြီးဆေးပမာဏ တွက်ချက်ကာ တ၀က်ကို အနာတ၀ိုက် စိမ့်ဝင်အောင် လုပ်ပေးပြီး ၊ ကျန်တ၀က်ကို အသားဆေး ထိုးပေးမည်။ Human diploid cell strain vaccine ခွေး ရူးပြန်ရောဂါ ကာကွယ်ဆေးကို Day 0 ,3 ,7 ,14 , 30 ,90 တို.တွင် အသားဆေးထိုးရမည်။ ( ချက် မှာမထိုးပါ) ။ လက်မောင်း၊ တင်ပါးမှာထိုးနိုင်သည်။ မှတ်ချက် ။ ။ ခွေးကိုက်ခံရပြီးမှ ထိုးသောကာကွယ်ဆေးသည် အမြန်ဆုံးထိုးနိုင်လေ ဆေးအာနိသင် အပြည့်အ၀ ရလေဖြစ်သည်။ နှောင့်နှေးခြင်း ၊ ခွေးရူး မရူး စောင့်ကြည့်နေခြင်း ဖြင့်ဆေးထိုးနောက်ကျ ပါက ၊ဆေး၏ကာကွယ်မှု စွမ်းအင်လျော့ နဲ ပါသည်။ ကိုက်သောခွေး ကိုသတ်ပစ်ခြင်းသည်လည်း လွဲမှားသော အယူ အဆဖြစ်သည်။ ခွေးသေ သွားလျင် လူမှာခွေးရူး မပြန်တော့မှာ မဟုတ်ပါ Negri Bodies ခေါ် including bodies တမျိုးကို ခွေးရူး၏ ဦးနှောက်ထဲတွင် တွေ.နိုင်သော်လည်း ၊ စမ်းသပ်အဖြေစောင့်နေခြင်းဖြင့် ၊ အချိန်နှောင့်နှေးနိုင်သဖြင့် ကာကွယ်ဆေး အမြန် ထိုးတာ အကောင်းဆူံဖြစ် သည်။ ကိုက်သောခွေး က ခွေးရူးမဟုတ်ဆိုကာ ဆေးမထိုးဘဲ မနေသင့်ပါ။ ယဉ်ယဉ်လေးရူးနေ တတ်ပါသည်။ ခွေးရူး မဟုတ်လောက်ပါဘူးဟု၊ တချက်ပေါ့ဆပါက အသက်နှင့် ရင်းရတတ်ပါသည်။ Credit to ဒေါက်တာဆု(ဆေးပညာဒါန)

No comments: