မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, March 13, 2016
အမျိုးသားရေးအတွက်တော့ လွှတ်တော်ကို အားကိုးလို့ရမည်မဟုတ်ပါ
အမျိုးသားရေးအတွက်တော့ လွှတ်တော်ကို အားကိုးလို့ရမည်မဟုတ်ပါ
============================================
၂၀၁၅ခုနှစ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်ရေးအတွက် ပါတီတွင်း ပြင်ဆင်မှု တွေကို ပြုလုပ်နေပြီး ဒုတိယအကြိမ်လွှတ်တော်များကို တာဝန်လွှဲပြောင်းယူကာ ကျင်းပခဲ့တာ အခုဆို ၃၂ ရက် အထိ ရှိလာပြီဖြစ်ပါတယ်။ ဒုတိယအကြိမ် ပြန်လည်ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ပယ်ဖျက်ခြင်းနဲ့ပြဋ္ဌာန်းပြီး ဥပဒေတွေ ကိုလည်း ပယ်ဖျက်သွားမယ်လို့ ဖေဖော်ဝါရီလ ၁ရက်နေ့က လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတာနဲ့ တစ်ပြိုင် နက် ကတိပြုပြောဆိုထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်ရှိ Orchid ဟိုတယ်မှာ မြန်မာနိုင်ငံအတွင်းလွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်အခြေအနေ သုံးသပ်ချက်စာတမ်း ထုတ်ပြန်ရှင်းလင်းပွဲမှာ လိင်တူချစ်သူများကွန်ယက်နဲ့ Equality Myanmar အမှုဆောင်ဒါရိုက်တာ နပုလ္လိင် ဦးအောင်မျိုးမင်းက မျိုးစောင့်ဥပဒေကို ပြင်ဆင် ဖျက်သိမ်းဖို့ ပြောဆို ခဲ့ပါတယ်။ အဲဒီပွဲမှာ NLD ပါတီက လွှတ်တော်အမတ် တော်တော်များများ တက်ရောက်ခဲ့ပါတယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီး ဦးအောင်မျိုးမင်းအနေနဲ့ ဒီမျိုးစောင့်ဥပဒေဖျက်သိမ်းရေးအပါအ၀င် အခြားဥပဒေများ ပြင်ဆင် နိုင်ရေးအတွက် လက်ရှိလွှတ်တော်သစ်၊ တရားစီရင်ရေးမဏ္ဍိုင်၊ မြန်မာ့အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ ကို တောင်းဆိုထားပါတယ်။ ဒါ့အပြင် ဦးအောင်မျိုးမင်းက "မျိုးစောင့်ဥပဒေ ၄ ခု ကတော့ အစိုးရသစ်အတွက် ထိရှလွယ်မယ်၊ ပြောင်းမယ်၊ ပြင်မယ်ဆိုရင် မ.ဘ.သ က အထိမခံဘူး၊ စစ်တပ်က ဖွဲ့စည်းပုံကို အထိမခံသလို မဘသကလည်း မျိုးစောင့်ဥပဒေကို အထိခံမှာ မဟုတ်ကြောင်းပြောဆိုခဲ့ပါတယ်။ အဲဒါကိုဘယ်လိုအဆင့်တွေနဲ့ ကျော်ဖြတ် မလဲဆိုတာ အစိုးရသစ်က ပြင်ဆင်ဖို့လိုမယ်။" လို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ အစိုးရသစ်လက်ထက် မှာ မြန်မာနိုင်ငံအတွက် အလားအလာ မကောင်းနိုင်တဲ့ ကိစ္စရပ်တစ်ခုပါ။
မျိုးစောင့်ဥပဒေဟာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ ပြည်ထောင်စု လွှတ်တော်ကို တင်ပြကာ ၂၀၁၅ခုနှစ် မတ်လအတွင်းလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။ ဒီ မျိုးစောင့်ဥပဒေထဲမှာ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ ပါဝင် ပါတယ်။ ဒီဥပဒေတွေကို ပထမအကြိမ်လွှတ်တော်ကို တင်သွင်းတုန်းကတည်းက ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီကန့်ကွက်တဲ့သူတွေထဲမှာ လက်ရှိအနိုင်ရပါတီ NLD ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်ခဲ့ ပါတယ်။ အဲဒီအချိန်က မျိုးစောင့်ဥပဒေကို ကန့်ကွက်ခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဖွဲ့ပေါင်း ၉၇ ဖွဲ့ အထိရှိခဲ့ပါတယ်။ အဲဒီအဖွဲ့တွေ ကန့်ကွက်ခဲ့ပေမယ့် လွှတ်တော်အတွင်းက ကိုယ်စားလှယ် အတော်များ များနဲ့ ရဟန်းရှင်လူအပေါင်းတို့ရဲ့ အားပေးထောက်ခံခဲ့တာကြောင့် မျိုးစောင့်ဥပဒေဟာ ပြဌာန်း နိုင်ခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာ မျိုးစောင့်ဥပဒေမပြောနဲ့ ကိစ္စရပ်အတော်များများကို လွှတ်တော်ထဲမှာတင်ပြီး ဆွေးနွေးပါစေ လူညီရင် ဤကို ကျွဲဖတ်ကြတယ်ဆိုတဲ့အတိုင်း NLD ပါတီက အားလုံးကို ပြုပြင်ပြောင်းလဲလို့ ရနေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ လက်ရှိအစိုးရလက်ထက် အယင် လွှတ်တော်မှာပဲ NLD ပါတီ ဥက္ကဋ္ဌက မျိုးစောင့်ဥပဒေကို ကိုယ်တိုင်ကန့်ကွက်ခဲ့သလို ကန့်ကွက်တဲ့အဖွဲ့အစည်းတွေကိုလည်း ၂၀၁၄ ခုနှစ် ဇွန်လ ၁၁ ရက်က လွှတ်တော်အဆောက်အဦအတွင်းရှိ အိုင် ၁၂ မှာ ၂ နှစ်ရီကြာ တွေ့ဆုံစကားပြောဆိုခဲ့ပါတယ်။ အဲဒီ တုန်းကလည်း မျိုးစောင့်ဥပဒေကို နည်းမျိုးစုံနဲ့ တိုက်ခိုက်ပုတ်ခတ်ပြီး မရမကကန့်ကွက် ခဲ့ကြပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်က ကန့်ကွက်လို့မရတဲ့ ဒီဥပဒေကို အခုရွေးကောက်ပွဲအပြီး NLD ဦးဆောင်တဲ့ လွှတ်တော်မှာ ဖျက်သိမ်းဖို့ စတင်အသံထွက်လာခြင်းဟာ ဘာသာရေးအရ အထူးသတိထားရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လွှတ်တော်အတွင်း ဘာသာတရားအလွန်ကို သက်ဝင်ယုံကြည်ပြီး အမျိုးသားရေးစိတ်ဓာတ် အပြည့်ရှိတဲ့ ဒေါ်ခင်ဝိုင်းကြည်လို လွှတ်တော်အမတ်မျိုးလည်း မရှိတော့တာကြောင့် အမျိုးဘာသာအတွက် ဥပဒေပြုရေးမှာ အားနည်းချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးဘာသာ သာသနာအတွက် မျိုးစောင့် ဥပဒေအတွက် လွှတ်တော်ကို အားကိုးလို့မရတာကတော့ အသေချာပဲဖြစ်ပါတယ်။ ဒုတိယသက်တမ်းအစိုးရ၊ ဒုတိယလွှတ်တော်သစ်မှာ အမျိုးဘာသာသာသနာနဲ့ တိုင်းရင်းသူမြန်မာအမျိုးသမီးလေးတွေရဲ့ ဘ၀ကို ကာကွယ်ပေးမယ့် မျိုးစောင့်ဥပဒေကို ဗုဒ္ဓဘာသာတိုင်း စည်းလုံးခြင်းနဲ့အတူ ကာကွယ်စောင့်ရှောက်ရမယ့် အချိန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။
ထွန်းတောက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment