ဒုတိယသမ္မတအဖြစ် တပ်မတော်က ရွေးကောက်တင်မြှောက်လိုက်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေသည် အမေရိကန်အစိုးရ၏ ပိတ်ဆို့ကန့်သတ်ခံထားရသူ (SDN) စာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။
ဒုတိယသမ္မတအဖြစ် တပ်မတော်က ရွေးကောက်တင် မြှောက်သည့် ရန်ကုန်တိုင်း ဝန်ကြီး ချုပ် ဦးမြင့်ဆွေသည် အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဌာနက ချမှတ်ထားသည့် အထူးပစ်မှတ် ထား ပိတ်ဆို့ကန့်သတ်ခံရသူ (SDN) ဖြစ်ကြောင်း ယူအက်စ် ဘဏ္ဍာရေးဌာန၏ တရားဝင် SDN စာရင်း၌ ပါနေဆဲဖြစ်သည်။
SDN စာရင်းဝင် ပိတ်ဆို့ခံ ထားရသူသည် အမေရိကန် ပြည် ထောင်စုသို့ ခရီးသွားလာခွင့် ပိတ် ပင်ခံရမည်ဖြစ်ပြီး အမေရိကန် နိုင်ငံသားများ အနေဖြင့်လည်း ထိုစာရင်းဝင်သူနှင့် ဆက်ဆံမှု မပြုလုပ်ရန် ဥပဒေအရ ပိတ်ပင် တားမြစ်ထားသည်။သို့သော် SDN စာရင်းဝင်သူအနေဖြင့် စာရင်းသွင်းခံခဲ့ရသည့် အခြေအနေမျိုး၊ လုပ် ရပ်မျိုးမရှိတော့ကြောင်း သက်သေအထောက်အထားများပြ၍ ယူအက်စ်ဘဏ္ဍာရေးဌာန၏ Foreign Assets Control (OFAC) ရုံးသို့ စာရေးသားမေတ္တာရပ်ခံပြီး စာရင်းပယ်ဖျက်ပေးရန် လျှောက် ထားခွင့်ရှိသည်။
တင်ပြသည့် သက်သေအထောက်အထားများ၊ OFAC က ရရှိသည့် အခြားသတင်းအချက်အလက်များကို ထောက်၍ထိုပုဂ္ဂိုလ်နှင့်ပတ်သက်သည့် အ ချက်အလက်များ၊ အခြေအနေ များကို ထည့်သွင်းစဉ်းစားခြင်း နည်းလမ်းများဖြင့် OFAC က စုံစမ်းထောက်လှမ်းပြီး ချင့်ချိန်ဆုံးဖြတ် လေ့ရှိသည်။
လက်ရှိ သမ္မတ ဦးသိန်းစိန် သည်လည်း SDNစာရင်း ဝင်ခဲ့သူဖြစ်ပြီး ၂၀၁၂ တွင် နယူးယောက်ရှိ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်သို့ မသွားရောက်မီ ၎င်းကို အမေရိကန်ဘဏ္ဍာရေးဌာနက SDN မှ ဖယ်ရှားပေးခဲ့သည်။
SDNစာရင်းသည် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာကြား ကုန်သွယ်ရေးအတွက် အကြီးဆုံးအဟန့်အတားများအနက်တစ်ခုလည်းဖြစ်သည်။ ဦးမြင့်ဆွေသည်ဒုသမ္မတ(၁)ဖြစ်လာပါက အကြီးစားစီမံကိန်းများ အပါအဝင် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်မည့် အလားအလာရှိနေသည်။
2
သတင်းအပြည့်အစုံ.....http://www.7daydaily.com/story/60087 ဒုတိယသမ္မတအဖြစ် တပ်မတော်က ရွေးကောက်တင် မြှောက်သည့် ရန်ကုန်တိုင်း ဝန်ကြီး ချုပ် ဦးမြင့်ဆွေသည် အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဌာနက ချမှတ်ထားသည့် အထူးပစ်မှတ် ထား ပိတ်ဆို့ကန့်သတ်ခံရသူ (SDN) ဖြစ်ကြောင်း ယူအက်စ် ဘဏ္ဍာရေးဌာန၏ တရားဝင် SDN စာရင်း၌ ပါနေဆဲဖြစ်သည်။ 7daydaily.com
No comments:
Post a Comment