Sunday, March 13, 2016

မြန်မာ့တပ်မတော်မှ တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေမှုကြောင့် ကချင်ပြည်နယ်အတွင်း တရား မ၀င် သစ်ထုတ်မှုလျော့နည်းလာ

မြန်မာ့တပ်မတော်မှ တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေမှုကြောင့် ကချင်ပြည်နယ်အတွင်း တရား မ၀င် သစ်ထုတ်မှုလျော့နည်းလာ ======================================= ယခုနှစ်ဆန်းပိုင်းအတွင်း မြန်မာ့တပ်မတော်မှ ကချင်ပြည်နယ်အတွင်းရှိ သဘာဝ သယံဇာတ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုများ ထိထိရောက်ရောက် လုပ်ဆောင်နေခြင်းများ ပြုလုပ်လျက်ရှိ လာသည်ကို သိရှိရပါသည်။ ထို့ကြောင့်အကျိုးတူစီးပွားဘက်များ ဖြစ်ကြသော KIA ခေါင်းဆောင်ပိုင်းများနှင့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များမှာ အခက်တွေ့နေကြောင်း သိရှိရ သည်။ ယခင်နှစ်က တရုတ်စီးပွားရေး လုပ်ငန်းရှင်အချို့သည် KIA ထိန်းချုပ်နယ်မြေအတွင်း ဆက်ကြေးပေးခြင်းနှင့် အခြားသောအထောက်အပံ့များ ပေးခြင်းတို့ဖြင့် ကချင်ပြည်နယ်ရှိ သစ်များ ခိုးထုတ်နေခြင်းအား မြန်မာ့တပ်မတော်မှ တရုတ်လူမျိုးအများစုနှင့် ကျွန်းသစ်၊ ကားများကိုဖမ်းဆီး ဖော်ထုတ်ခဲ့သည်ကိုလည်း သိရှိရပါသည်။ ၂၀၁၆နှစ်ဆန်းပိုင်းအတွင်း မဘိမ်းနယ်မြေအတွင်း သတင်းရရှိမှုကြောင့် နယ်မြေခံ တပ်မတော်မှ ၀င်ရောက်ရှင်းလင်းခဲ့ရာတွင် ဇန်န၀ါရီလနှင့် မတ်လအတွင်း မဘိမ်းနယ်မြေတွင် တရားမ၀င်သစ်ထုတ်လုပ်နေသာ (၃)ပေအရှည် ဆိုဒ်စုံကျွန်းသစ်(၇၉၇)တုံး၊ (၉)ပေအရှည် ဆိုဒ်စုံ ကျွန်းသစ်(၄၅)လုံး၊ (၁၈)ပေအရှည် ဆိုဒ်စုံကျွန်းသစ်(၅၅)လုံး စုစုပေါင်းကျွန်းသစ်တန်ချိန် (၃၇.၅) တန်ခန့်နှင့် စုစုပေါင်း (၆) ဘီးယာဉ် (၇)စီးတို့ကို ဖမ်းဆီးဖော်ဆောင်ခဲ့ကြောင်း သတင်းရ ရှိပါသည်။ ထိုသို့ဖမ်းဆီးရမိသည်များကိုလည်း မဘိမ်းသစ်တောဦးစီးဌာနသို့ အပ်နှံထားကြောင်းကို လည်းသိရှိရပါသည်။ ကချင်ပြည်နယ်အတွင်း သစ်များခိုးထုတ်နေသောတရုတ်အများစုသည် KIA သောင်းကျန်းသူများနှင့် ဆက်နွယ်နေပြီး ကချင်ပြည်နယ်အတွင်း KIA သောင်းကျန်းသူတို့ကို ဆက်ကြေးပေးပြီး သစ်ခိုးထုတ်လျက်ရှိသည်ကို ဒေသခံရွာလူကြီးများမှ တစ်ဆင့်သိရပါသည်။ KIA ခေါင်းဆောင်ပိုင်းများနေဖြင့် ကချင်ပြည်နယ် ကောင်းစားရေး ကချင်လွတ်မြောက်ရေး တပ်မတော် ဟု ခေါင်းစဉ်တပ်ပြီး ၎င်းတို့ကောင်းစား ရေးများသာ လုပ်ဆောင်နေကြပြီး ကချင်ပြည်နယ်အတွင်း ရှိ မူးယစ်ဆေးဝါးနှင့် အခြားသော မှောင်ခိုလုပ်ငန်းများမှာ KIA အများစု လုပ်ဆောင်နေကြသည် ကိုလည်း ဒေသခံများထံမှ သိရှိရပါသည်။ တပ်မတော်မှ နယ်မြေရှင်းလင်းမှုကြောင့် တရုတ်သစ်ခိုးထုတ်သူများမှာ ယခင်ကကဲ့သို့ မဘိမ်း၊ စီအူ၊ နန့်ဟန် နယ်မြေအတွင်း ၀င်ရောက် ၀ယ်ယူနိုင်ခြင်းမရှိဘဲ KIA စခန်းများမှ ဆောင့်ဆိုင်းဝယ်ယူလျက်ရှိသည်ကို ဒေသခံများ ထံမှ ကြားသိခဲ့ရပါသည်။ By Jingphaw Land

No comments: