Friday, March 18, 2016

ကမ္ဘာ့အကြီးဆုံး အန်နာကွန်ဒါမြွေကို ဖမ်းမိ

အန်နာကွန်ဒါမြွေတွေဟာ ကမ္ဘာပေါ်ကအန္တရယ်ရှိဆုံးသတ္တဝါတွေထဲက တစ်မျိုးဖြစ်ပြီး လူသားစား မြွေလည်းဖြစ်ပါတယ်။ 
play

ဘီဘီစီက ထုတ်လွှင့်တဲ့ ခရီးသွားအစီစဉ်တစ်ခုမှာ ကမ္ဘာ့ အကြီးဆုံး အန်နာကွန်ဒါမြွေကြီးကို ဖမ်းမိခဲ့တဲ့အကြောင်း တင်ဆက်ခဲ့ပါတယ်။ Tribes, Predators and Me ဆိုတဲ့ အစီအစဉ်မှာ အစီစဉ်တင်ဆက်သူ ဂေါဒန်ဘချနန်က အမေဇုန်တောထဲက Waorani လူရိုင်းမျိုးနွယ်စုနဲ့ ပေါင်းပြီး မြွေတွေကို လိုက်လံဖမ်ဆီးခဲ့တာ ဖြစ်ပါတယ်။
အန်နာကွန်ဒါမြွေတွေဟာ ကမ္ဘာပေါ်ကအန္တရယ်ရှိဆုံး သတ္တဝါတွေထဲက တစ်မျိုးဖြစ်ပြီး လူသားစား မြွေလည်းဖြစ်ပါတယ်။ 
ဖမ်းမိခဲ့တဲ့ မြွေကြီးဟာ ၁၇ ပေရှိပြီး ကမ္ဘာ့အရှည်ဆုံး အန်နာကွန်ဒါမြွေအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဖမ်းပြီးတဲ့အခါမှာ မြွေကြီးကို ပြန်လွှတ်ပေးခဲ့ပြီး ဒီလိုဖမ်းပြီး ပြန်လွှတ်တာဟာ Waorani လူရိုင်းမျိုးနွယ်စုအတွက် ရဲရင့်မှုကို ပြသခြင်းဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ အားအင်တွေရလာတယ်လို့လည်း ယုံကြည်ကြပါတယ်။
Photos & Source: Daily Mail

No comments: