Friday, March 18, 2016

မဲခေါင်ဒေသမှာ သမိုင်းတစ်လျှောက် ပူပြင်းခြောက်သွေ့မှု အဆိုးဆုံးဖြစ်နေ

မဲခေါင်မြစ်ဝှမ်းဒေသတွင်း နေထိုင်သူ တစ်သန်းကျော်ဟာ ယခုနှစ်အတွင်း ပူပြင်းခြောက်သွေ့မှုကို တွေ့ကြုံခံစားနေရပါတယ်။
play

ဗီယက်နမ်နိုင်ငံတောင်ပိုင်း မဲခေါင်မြစ်ဝှမ်းဒေသမှာ သမိုင်းတစ်လျှောက် ပူပြင်းခြောက်သွေ့မှု အဆိုးရွားဆုံး အခြေအနေနဲ့ တွေ့ကြုံနေရကြောင်း အေပီသတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါ ဒေသတွင်း နေထိုင်သူ တစ်သန်းကျော်ဟာ ယခုနှစ်အတွင်း ပူပြင်းခြောက်သွေ့မှုကို တွေ့ကြုံခံစားနေရပါတယ်။
ယခုနှစ် ပူပြင်းခြောက်သွေ့မှုကြောင့် မဲခေါင်ဒေသမှာ ဆန်ထွက်ရှိမှု တန်ချိန် တစ်သန်းအထိ လျော့နည်းသွားနိုင်ကြောင်း သိရပါတယ်။ ရေပြတ်လပ်မှုကြောင့် လယ်သမားအများအပြားကို အခက်ကြုံစေနိုင်ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးဝန်ကြီးက ပြောပါတယ်။
ဗီယက်နမ်နိုင်ငံဟာ နှစ်စဉ် ဆန်တန်ချိန် ၇ သန်း တင်ပို့နေပြီး ထိုင်းနဲ့ အိန္ဒိယနိုင်ငံတို့နောက် တတိယအများဆုံး ဖြစ်ပါတယ်။ ယခုနှစ်မှာ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝန်း ပူးပြင်းခြောက်သွေ့မှု အဆိုးရွားဆုံး တွေ့ကြုံနေပါတယ်။
Source & Photo: AP, AFP

No comments: