Friday, March 18, 2016

မန္တလေးတိုင်း အခွန်ကြွေးကျန်တာ ကျပ်သုံးဘီလီယံရှိ

သတ်မှတ်ချိန်မှာ အခွန်မဆောင်နိုင်ဘူးဆိုရင် ဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။
play

သမ္မတဦးသိန်းစိန်အစိုးရသက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့် အခွန်ငွေတွေပေးဆောင်ဖို့  ကျပ်သုံးဘီလီယံလောက် အကြွေးကျန်နေသေးတယ်လို့ မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနက သိရပါတယ်။
လွန်ခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပါတ်အထိ အခွန်ကြွေးကျန် ငါးဘီလီယံ ကောက်ခံရရှိခဲ့ပြီး မတ်လလယ်မှာ နောက်ထပ် သုံးဘီလီယံ ထပ်ရခဲ့လို့ အခွန်ကြွေးကျန် ကျပ်သုံးဘီလီယံပဲရှိတော့မယ်လို့ သိရပါတယ်။
play

တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ လက်ရှိအစိုးရသက်တမ်းအတွင်းမှာ အခွန်ကြွေးကျန်တွေကို အပြီးကောက်ခံဖို့ ညွန်ကြားထားပြီး သတ်မှတ်ချိန်မှာ အခွန်မဆောင်နိုင်ဘူးဆိုရင် ဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ကျန်ရှိနေသေးတဲ့ အခွန်ငွေတွေကို လုပ်ထုံးလုပ်နည်းအရ ဆက်လက်ကောက်ခံနေပြီး  ပြီးပြတ်အောင် မကောက်ခံနိုင်ရင် နောက်အစိုးရသက်တမ်းမှာ ဆက်လက်ကောက်ခံသွားမယ်လို့ တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဒုတိုင်းဦးစီးမှူး ကပြောပါတယ်။
play

မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနက အခွန်ကြွေးကျန်တွေပေးသွင်းဖို့ ပြီးခဲ့တဲ့ ဇန်န၀ါရီလကနေ စတင်ကောက်ခံခဲ့ပြီး လက်ငင်းမပေးနိုင်သူတွေကို သတ်မှတ်နှုန်းထားအတိုင်း အရစ်ကျပေးသွင်းနိုင်ဖို့ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
Source : 7DayDaily
Photo   : 7DayDaily,acoupletravele

No comments: