Friday, March 18, 2016

အမေရိကန် ပိတ်ဆို့မှု တိုးမြှင့်လိုက်ပြီးနောက် မြောက်ကိုရီးယား ဒုံးကျည်နှစ်စင်း လွှတ်တင်

ဒုံးကျည်နှစ်စင်း ပင်လယ်ထဲကို ထပ်မံလွှတ်တင်လိုက်တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် အစိုးရက အတည်ပြုပါတယ်။
play

မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်းကို ပင်လယ်ထဲ ထပ်မံပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ မြော်ကိုရီးယားဘက်ကတော့ ဒုံးကျည်ပစ်လွှတ်တဲ့ သတင်းကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
တရားမဝင် နျူကလီးယားစမ်းသပ်တီထွင်မှုတွေနဲ့ ဂြိုလ်တုလွှတ်တင်မှုတွေ ပြုလုပ်နေတယ်ဆိုပြီး မြောက်ကိုရီးယားကို ပိတ်ဆို့မှု ထပ်မံတိုးမြှင့်ဖို့ အမေရိကန်သမ္မ အိုဘားမားက အတည်ပြုလိုက်ပြီးနောက်  အခုလို ဒုံးကျည်နှစ်စင်း လွှတ်တင်လိုက်တာပါ။ မြောက်ကိုရီးယားရဲ့ ဒုံကျည်နှစ်စင်းဟာ လွှတ်တင်တဲ့နေရာနဲ့ မိုင် ၅၀၀ အကွာအဝေးကို ရောက်ရှိပြီးနောက် ပင်လယ်ထဲ ကျဆင်းသွားပါတယ်။
play

ပိတ်ဆို့မှု တိုးမြှင့်လိုက်တာကြောင့် ဆက်ဆံရေး ပိုပြီးတင်းမာနေချိန်မှာ မြောက်ကိုရီးယားက ဒုံးကျည်တွေ ထပ်မံလွှတ်တင်တာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း အမေရိကန် ကျောင်းသားတစ်ဦးလို့ ဆိုသူကို မြောက်ကိုရီးယားက ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်ထားတဲ့ အပေါ် အမေရိကန်ဘက်က လွှတ်ပေးဖို့ တောင်းဆိုထားပါသေးတယ်။
Source & Photos : BBC

No comments: