Monday, March 21, 2016

ပြည်ထောင်စုဝန်ကြီးစာရင်းမှာ အမျိုးသမီးတွေပါမယ်

အစိုးရအဖွဲ့မှာပါဝင်မယ့် အမျိုးသမီးဝန်ကြီး ဦးရေကိုတော့ အတိအကျ မသိသေးပါဘူး။
play

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့သစ်မှာ ပြည်ထောင်စုအဆင့်ဝန်ကြီး ရာထူးတွေအတွက် အမျိုးသမီးတွေကိုလည်း ခန့်အပ်သွားမယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ မူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ဒီနေ့ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးမှာ ပြောခဲ့တာဖြစ်ပေမယ့် အစိုးရအဖွဲ့မှာပါဝင်မယ့် အမျိုးသမီးဝန်ကြီး ဦးရေကိုတော့ အတိအကျမပြောခဲ့ပါဘူး။
play

မနက်ဖြန် မတ်လ ၂၂ ရက်မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အစိုးရအဖွဲ့အသစ်မှာခန့်အပ်မယ့် ပြည်ထောင်စု ဝန်ကြီးတွေရဲ့အမည်စာရင်းကိုသမ္မတရဲ့ အဆိုပြုချက်အတိုင်း ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်ကို တင်ပြသွားမှာဖြစ်ပါတယ်။
သံအမတ်ဟောင်း ဦးကျော်တင့်ဆွေက နိုင်ငံခြားရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးအဖြစ် ဒေါက်တာမြင့်ထွေး၊ ပြန်ကြားရေးဝန်ကြီးအဖြစ် စာရေးဆရာဖေမြင့်၊ သမ္မတရုံးဝန်ကြီးအဖြစ် ဒေါက်တာမျိုးအောင်နဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ်  ဦးသန့်ဇင်မောင်တို့ ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Source : 7Day Daily
Photo   : NLD

No comments: