Monday, March 21, 2016

မောင်းသူမဲ့လေယာဉ် အသုံးပြုပြီး ထောင်ဖောက်ဖို့ ကြိုးပမ်း

မောင်းသူမဲ့လေယာဉ်သုံးပြီး ရာဇဝတ်မှု ကျူးလွန်တာတွေ ပိုများလာပါတယ်။
play

အင်္ဂလန်နိုင်ငံ၊ စတက်ဖို့ရှိုင်းယားမှာရှိတဲ အကျဉ်းထောင်တစ်ခုအတွင်းက အကျဉ်းသားအချို့ဟာ မောင်းသူမဲ့ လေယာဉ်ငယ် ( Drone)  တွေအသုံးပြုပြီး လွတ်မြောက်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ မောင်းသူမဲ့ လေယာဉ် အကူအညီနဲ့ ထောင်ဖောက်ထွင်းဖို့ ပစ္စည်းအချို့ကို ခိုးသွင်းဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အကျဉ်းထောင်တာဝန်ရှိသူတွေက မောင်းသူမဲ့လေယာဉ်ကို တွေ့ရှိသွားခဲ့ပါတယ်။ မောင်းသူမဲ့ လေယာဉ်ထဲမှာ အပြင်းအထန်ပိတ်ပင်ထားတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ထောင်ဖောက်ထွင်းဖို့ လိုအပ်တဲ့ ပလာယာလို ပစ္စည်းတွေ ပါလာခဲ့တာ တွေ့ရပါတယ်။
play

အခုတော့ မောင်းသူမဲ့လေယာဉ်ရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာကို စုံစမ်းစစ်ဆေးနေကြပါပြီ။ အနောက်နိုင်ငံတွေမှာတော့ မောင်းသူတွေလေယာဉ်တွေ အသုံးပြုပြီး ရာဇဝတ်မှု ကျူးလွန်မှုတွေဟာ ပိုမို မြင့်တက်လျှက်ရှိပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကလည်း အင်္ဂလန်နဲ့ ဝေလနိုင်ငံက အကျဉ်းထောင်တွေအတွင်းမှာ မောင်းသူမဲ့လေယာဉ် ၃၃ စီးဖမ်းဆီးရမိခဲ့ပါသေးတယ်။
Source & Photos : Daily Mail

No comments: