Monday, March 21, 2016

တွစ်တာသက်တမ်း ဆယ်နှစ်ပြည့်ပြီ


Twitter ကို ပြည်တွင်းမှာလည်း သုံးစွဲသူ အတော်အသင့် ရှိပါတယ်။
play

လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေထဲမှာ နာမည်ကျော်တစ်ခုဖြစ်တဲ့ တွစ်တာ (twitter)ရဲ့ သက်တမ်းဟာ ဒီကနေ့မှာ ဆယ်နှစ် ပြည့်သွားခဲ့ပါပြီ။
တွစ်တာကို ၂၀၀၆ ခုနှစ် မတ်လမှာ ဂျက်ခ်ဒေါ်စီ၊ အီဗန်ဝီလျံ၊ ဘစ်ဇ်စတုန်းနဲ့ နိုအာ့ဂလက်စ်တို့ကို စတင်ဖန်တီးခဲ့ပြီး ၂၀၀၆ ခုနှစ်၊ ဇူလိုင်လထဲမှာ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း တွစ်တာရဲ့ အောင်မြင်မှု အရှိန်မြင့်တက်လာပြီး အဆိုပါနှစ်မှာ တွစ်တာအသုံးပြုသူ သန်း ၁၀၀ ကျော်လွန်လာပါတယ်။
play
ဂျက်ခ်ဒေါ်စီ
သတင်းတွေကို အမြန်ဆန်ဆုံး ဖတ်ရှုနိုင်တဲ့ လူမှုကွန်ရက်အဖြစ် နာမည်ရတဲ့ တွစ်တာကို လက်ရှိအချိန်မှာ အသုံးပြုသူ သန်း ၅၀၀ ကျော်လွန်လာခဲ့ပြီလို့လည်း သိရပါတယ်။ ၁၀ နှစ်ပြည့်တဲ့နေ့မှာတော့ တွစ်တာအသုံးပြုသူတွေဟာ hashtag ကို အသုံးပြုကာ #lovetwitter လို့ ရေးသားနေကြတာလည်း တွေ့ရပါတယ်။ တွစ်တာပေါ်မှာ အဆိုပါစာသားနဲ့ tweet လုပ်လိုက်တာနဲ့ စာသားရဲ့ဘေးမှာ အနီရောင်အသဲပုံလေးနဲ့ တွစ်တာအမှတ်တံဆိပ် ငှက်ပြာလေးက အလိုအလျောက် ပေါ်လာတာကိုလည်း မြင်တွေ့ရပါလိမ့်မယ်။
Source : Twitter

No comments: