Monday, March 21, 2016

ရီဟားနားနဲ့ အပြင်မထွက်ဘူးလို့ ဆုံးဖြတ်ထားတဲ့ အဒဲလ်

အဒဲလ်ဟာ သူမရဲ့ အသံပျောက်သွားမှာ စိုးရိမ်နေခဲ့တာပါ။
play

အပျော်လွန်ပြီး အသံပျောက်တဲ့အထိ ဖြစ်သွားမှာစိုးလို့ အဒဲလ်က ဂလက်စတွန်ဘာရီမှာ ဖျော်ဖြေပွဲ မလုပ်ခင်ညကို ရီဟားနားနဲ့ အပြင်မထွက်ဘူးလို့ ဆုံးဖြတ်ထားတာပါ။
"သူ့ကို ကျွန်မချစ်တယ်" လို့ အဒဲလ်က ရီဟားနားကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။
play

"ကျွန်မ ဂလက်စတွန်ဘာရီမှာ မဖျော်ဖြေမီညက ရီဟားနား ဖျော်ဖြေတဲ့နေရာကို သွားဖို့ စဉ်းစားသေးတယ်။ ကျွန်မသွားလိုက်ရင် အသံပျောက်သွားမှာ ကျွန်မသိတယ်။ ဒါပေမဲ့ ကျွန်မ သူ့ကို တကယ်ချစ်တာပါ။ သူ့ရဲ့ အယ်လ်ဘမ်သစ်ထဲက သီချင်းအားလုံးကို ကြိုက်တယ်။ သူ့ကို သွားတွေ့ဖို့ ကြိုးစားမှာပါ" လို့ အဒဲလ်က ပြောပါတယ်။
play

အဒဲလ်ဟာ သူမရဲ့အသံ မပျက်စီးအောင် အစားအသောက်ဆင်ခြင်နေပြီး ဆေးလိပ်ကိုလည်း ၂၀၁၄ ခုနှစ်ကတည်းက ဖြတ်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ အသံပျောက်သွားခဲ့လို့ သူမဟာ အသံကြိုးတွေကို ခွဲစိတ်ခဲ့ရပြီး အဲဒီအတွက် ဖျော်ဖြေရေး အစီအစဉ်ကိုလည်း ရပ်နားလိုက်ရပါတယ်။
Source & Photos : Mirro

No comments: