Monday, March 21, 2016

အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးမယ်လို့ ဦးထင်ကျော်ပြော

ဦးထင်ကျော်ဟာ လွှတ်တော်ကို ပထမဆုံးအကြိမ်းအနေနဲ့ ပင်နီတိုက်ပုံဝတ်ပြီး တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
play

ဝန်ကြီးဌာနတွေလျှော့ချလိုက်တာကြောင့် ဝန်ထမ်းတွေ စိတ်ပူဖို့မလိုဘဲ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးသွားမယ်လို့ ဒီနေ့ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြောလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ရွေးချယ်ခဲ့တဲ့ ဦးထင်ကျော်ဟာ လွှတ်တော်ကို ပထမဆုံးအကြိမ် အနေနဲ့ ပင်နီတိုက်ပုံဝတ်ပြီးတက်ရောက်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
play

သမ္မတသစ် ဦးထင်ကျော်က ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက်ပြီး ဝန်ကြီးဌာနအရေအတွက် လျှော့ချတာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆွေးနွေးချက်တွေကို ပြန်လည် ရှင်းလင်းပြောကြားခဲ့ပါတယ်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားတဲ့  ပြည်ထောင်စုဝန်ကြီးဌာနတွေရဲ့အရေအတွက်နဲ့ ပြည်ထောင်စု ဝန်ကြီးဦးရေတို့ကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံဆန္ဒမဲ ၆၀၀ ကျော်ရခဲ့တာကြောင့် အတည်ပြုလိုက်ပြီလို့ သိရပါတယ်။
play

လာမယ့် အစိုးရသစ် လက်ထက်မှာ ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက် ၂၁ ခု၊ ပြည်ထောင်စုဝန်ကြီးဦးရေ ၁၈ ဦးနဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းမှာဖြစ်ပါတယ်။
Source : 7DayDaily,Mizzima
Photo   : Mizzima

No comments: