Thursday, March 24, 2016

ချောင်းသာမှာ ဟိုတယ်တည်းခိုခတွေ ကျဆင်းမယ်

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ဟိုတယ်အခန်းတွေ တိုးချဲ့တည်ဆောက်တာများခဲ့တာကြောင့် ဒီလိုဈေးကျဆင်းတာလို့ လည်းသိရပါတယ်။
play

ချောင်းသာကမ်းခြေက ဟိုတယ်တည်းခိုခဈေးနှုန်းတွေ ဒီနှစ်မှာ ၁၅ ရာခိုင်နှုန်းလောက်ကျသွားမယ်လို့ ချောင်းသာဟိုတယ်ဇုန် အတွင်းရေးမှူး ဦးမင်းကျော်ဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ဟိုတယ်အခန်းတွေ တိုးချဲ့တည်ဆောက်တာများခဲ့တာကြောင့် ဒီလိုဈေးကျဆင်းတာလို့ လည်းသိရပါတယ်။
play

‘‘ဟိုတယ်အားလုံးမှာ ၀န်ဆောင်မှုပိုင်းကို တိုးမြှင့်ထားတဲ့အတွက် ချောင်းသာကို အပန်းဖြေလာတဲ့သူတွေ ဈေးနှုန်းသက်သာလာပြီး ကောင်းမွန်တဲ့ ၀န်ဆောင်မှုကို ရနိုင်မှာဖြစ်ပါတယ်’’ လို့ ဦးမင်းကျော်ဦးက ပြောပါတယ်။
ဒီနှစ်သင်္ကြန်တွင်းအတွက် ချောင်းသာကမ်းခြေကို လာရောက်အပန်းဖြေဖို့ ဟိုတယ်အခန်းကြိုတင်မှာယူထားတာက  ဟိုတယ်အားလုံးရဲ့ ၄၀ ရာခိုင်နှုန်းကျော်ရှိပြီး မတ်လကုန်မှာ လက်ရှိအချိန်ထက်လာ အပန်းဖြေမယ့်သူ ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။
play

‘‘အရင်နှစ်တွေက သင်္ကြန်ဆိုရင် ဟိုတယ်အခန်းခတွေက ပုံမှန်ရက်တွေထက် ဈေးပိုကြီးလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ဈေးနှုန်း အများကြီး ကွာဟမှုမရှိနိုင်ဘဲ လူတည်းများတဲ့ ဟိုတယ်တွေမှာ ဈေးနှုန်းအနည်းငယ် တက်တာလောက် ပဲရှိနိုင်ပါတယ်" လို့  ဦးမင်းကျော်ဦးက ဆက်ပြောပါတယ်။
 ချောင်းသာ ဟိုတယ်ဇုန်မှာ ဟိုတယ်၂၃ လုံးရှိပြီး ၂၀၁၅ အတွင်း လာရောက်လည်ပတ်သူ တစ်သိန်းခွဲကျော်ရှိတယ်လို့ သိရပါတယ်။
Source : 7DayDaily
Photo   : 7DayDaily,Cityguide

No comments: