Thursday, March 24, 2016

အလိုအလျောက် သိမ်းပေးမယ့် အိပ်ယာကို တီထွင်

အိပ်ယာခင်းစရာလည်း မလိုသလို သိမ်းစရာလည်း မလိုတော့ပါဘူး။
play

ပရိဘောဂပစ္စည်းတွေ ထုတ်လုပ်တဲ့ စပိန်ကုမ္ပဏီ OHEA က အချိန်နည်းပါးသူတွေအတွက် အဆင်ပြေစေမယ့် အိပ်ယာတစ်မျိုးကို တီထွင်လိုက်ပါတယ်။
သင်အိပ်ယာကထပြီး သုံးစက္ကန့်အတွင်းမှာ သူ့အလိုလို အိပ်ယာကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ဖြန့်ပေးနိုင်မယ့် အရာကို တီထွင်လိုက်ပါတယ်။ ခေါင်းအုံးနဲ့ မွေ့ယာတွေ အားလုံး သပ်သပ်ရပ်ရပ် ဖြစ်ဖို့ ဆိုရင်တော စက္ကန့်ငါးဆယ်ပဲ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအိပ်ယာဝယ်ထားမယ်ဆိုရင် ကိုယ့်ဘာသာ ကိုယ်အိပ်ယာသိမ်းစရာ လိုမှာ မဟုတ်သလို၊ အိပ်ယာခင်းဖို့လည်း လိုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအိပ်ကို ဈေးကွက်မှာ ရောင်းချခြင်း မရှိသေးပါဘူး။ ထပ်ပြီး အဆင့်မြှင့်နေဆဲ ရှိပါသေးတယ်။
Source : Business Insider

No comments: