Thursday, March 24, 2016

မက္ကာယူက ကမ္ဘာ့ဈေးအမြောက်ဆုံး ဟိုတယ်

ပိုက်ဆံပေါတဲ့ ဘောစိတွေကတော့ သွားဖို့ပြင်ဆင်နေလောက်ပါပြီ။
play

ဟိုတယ်နာမည်က The 13 ပါ။ အနောက်တိုင်းမှာ ၁၃ ကို ကံမကောင်းတဲ့ကိန်းဂဏန်းအဖြစ် သတ်မှတ်ကြပေမယ့် ဒီဟိုတယ်ကတော့ အဲ့ဒီနံပတ်ကိုပဲ အမည်ပေးထားပါတယ်။
play

ကမ္ဘာ့ဈေးအမြောက်ဆုံး အဆင့်အမြင့်ဆုံး ဇိမ်ခံဟိုတယ်ကြီးကို မက္ကယူမှာ မကြာမီဖွင့်လှစ်ပါတော့မယ်။ ဟိုတယ်မှာ လာတည်းမယ့်ဧည့်သည်တွေကို ကြိုပို့ဖို့စီစဉ်ထားတာက Rolls-Royce Phantoms ကားတွေပါ။ တော်ရုံဘောစိတွေ အနားမကပ်နိုင်တဲ့ ကားတွေပေါ့။
play

ဟိုတယ်အခန်းတစ်ခန်းရဲ့ ဆောက်လုပ်မှုစရိတ်တင် ဒေါ်လာ ၇ သန်းကျော် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ ကတ္တီပါသားတွေနဲ့ အသုံးပြုထားတဲ့ အိပ်ယာခင်းတွေ၊ သီးသန့်ဓာတ်လှေကားနဲ့ ဧည့်ခန်းတွေကို ဈေးကြီးပစ္စည်းတွေနဲ့ပဲ အလှဆင်ထားတာပါ။
play

ဟိုတယ်မှာ အထပ်ပေါင်း ၂၃ ထပ် ပါရှိမှာဖြစ်ပြီး မတူညီတဲ့ ရသစုံ စားသောက်ဆိုင် ၆ ခု လည်း ပါဝင်မယ်လို့ သိရပါတယ်။ ဟိုတယ်ကို ရောက်သွားသူတွေကတော့ နန်းတော်ကြီးတစ်ခုကို ရောက်ရှိသွားသလို ခံစားရလိမ့်မယ်ထင်ပါတယ်။
Source : Business Insider

No comments: