မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, March 7, 2016
ရခိုင်ပြည်နယ်တွင် ငါးဖမ်းကိရိယာများ ပြောင်းလဲပြီး ငါးဖမ်းဆီးမှုကြောင့် ငါးဖမ်းဆီးရမိမှု ကျဆင်းနေ ---------
ရခိုင်ပြည်နယ်တွင် ငါးဖမ်းကိရိယာများ ပြောင်းလဲပြီး ငါးဖမ်းဆီးမှုကြောင့် ငါးဖမ်းဆီးရမိမှု ကျဆင်းနေ
--------- --------- ----------
ရခိုင်ပြည်နယ်တွင် ပြောင်းလဲလာသည့် ရာသီဥတုအပြင် ငါးဖမ်းကိရိယာများ ပြောင်းလဲကာ ငါးဖမ်းဆီးမှုများကြောင့် ငါးဖမ်းဆီးရမိမှု တစ်နှစ်ထက် ကျဆင်းလာကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်တွင် နေထိုင်သူ အများစုသည် ရေလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်း ပြုကြသော်လည်း နှစ်ရှည်လများ စည်းကမ်းမဲ့ ငါးအလွန်အကျွှံ ဖမ်းဆီးခဲ့ခြင်းတို့ကြောင့် မြစ်၊ ချောင်း၊ ပင်လယ်ပြင်တို့တွင် ငါးသယံဇာတများ ရှားပါးလာသည့်အတွက် ဖမ်းဆီးရမိမူ ကျဆင်းလာပြီး အခက်တွေ့နေကြရခြင်း ဖြစ်ကြောင်း ဒေသခံ ရေလုပ်သားများထံမှ သိရသည်။
“ရာသီဥတု မမှန်ဘူး။ ဒါ့အပြင် ကမ်းဝေး ငါးဖမ်းလှေတွေက ကမ်းနီးကို လာဖမ်းကြတယ်။ တချို့က ရေမိုင်းခွဲဖမ်းတော့ ငါးမျိုးပြုန်းကုန်တယ်။ မသေတဲ့ငါးတွေကလည်း ထွက်ပြေးကုန်တယ်။ အရင်တုန်းကဆို တစ်ရက်ကို တစ်သောင်းဖိုးလောက် ရပေမယ့် အခုဆို တစ်ရက် ငါးထောင်လောက်ပဲ ရတော့တယ်။ ရေလုပ်ငန်း တစ်ခုတည်းနဲ့ စားဝတ်နေရေး မလောက်ငတာမို့ ကျပန်းအလုပ်တွေ လုပ်နေရတယ်” ဟု ပေါက်တောမြို့နယ်မှာ ရေလုပ်သား ဦးဝင်းရွှေက ပြောသည်။
ရခိုင်ပြည်နယ်တွင် ငါးဖမ်းဆီးသူ အချို့သည် အဆိပ်ချဖမ်းဆီးခြင်း၊ လျှပ်စစ်ဖြင့် လျှော့တိုက်ဖမ်းစီးခြင်းနှင့် ပိုက်ကွင်း စိတ်သေးသည့် ကျားပါးစပ် ငါးဖမ်းပိုက်များအား အသုံးပြုကာ ငါးဖမ်းဆီးခြင်းများ ရှိနေကြောင်း သိရသည်။
“ငါးသယံဇာတနဲ့ ပတ်သက်ပြီး အခြေအနေက တအားဆိုးတယ်။ မြို့နယ်အတွင်း ငါးဖမ်းဆီးရမိမူနူန်းက လုံးဝလျော့ကျသွာတယ်။ တံငါသည်အချို့ရဲ့ စည်းကမ်းမဲ့ ငါးဖမ်းမှုတွေနဲ့ ဆက်စပ်နေတယ်။ ကျွန်တော်တို့ အရေးယူနိုင်ဖို့ ကြိုးစားပေမယ့် ကျွန်တော်တို့ ရွာတွေမှာ ရှိနေတဲ့ အချိန်မှာ မလုပ်ကြဘူး။ ကျွန်တော်တို့ ပြန်တဲ့အခါ ထပ်လုပ်ကြတယ်။ တံငါးသည်တွေ ပူးပေါင်းပါဝင်ဖို့လိုတယ်” ဟု မင်းပြားမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်စိုးလွင်က ပြောသည်။
ရခိုင်ပြည်နယ် ငါးလုပ်ငန်းပြန်လည် ဦးမော့လာရေးအတွက် အဓိက ဆောင်ရွက်ပေးနေသည် ရခိုင်သဟာယ အသင်း (ရန်ကုန်)၏ အစီရင်ခံစာအရ သံတွဲမြို့နယ်တွင် လက်ရှိအချိန်နှင့် လွန်ခဲ့သော ၁၅ နှစ်ကာလဖြင့် နှိုင်းယှဉ်ပါက ပလာတူး (သို့) ငါးမိုးသီး အမျိုးအစားနှင့် ရွှေပုစွန်အမျိုးအစား များသည် သိသိသာသာ ပြုန်းတီးလာပြီး ၁၅% လောက်သာ ကျန်ရှိတော့ခြင်း၊ ရွှေပုစွန်မရရှိတော့ဘဲ ငါးနီတူသာ ဖမ်းဆီးနေရခြင်း ကြောင့် ငါးနီတူးမျိုးသုဉ်း သွားနိုင်ကြောင်း သိရသည်။
သတင်း - MMK
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment